မာလီစစ်စခန်းကို

January 28, 2018

မာလီစစ်စခန်းကို လက်နက်ကိုင်များ ၀င်တိုက်၊ ၁၄ ဦး သေဆုံး

မာလီနိုင်ငံ တင်မ်ဘူတူ ဒေသတောင်ပိုင်းမှာရှိတဲ့ စစ်စခန်းတစ်ခုကို ဇန်န၀ါရီ ၂၇ ရက်က  လက်နက်ကိုင်တွေ ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး  စစ်သည် ၁၄ ဦး ကျဆုံးခဲ့ပါတယ်။ ဆွန်ပီဒေသရှိ စစ်စခန်းတခုကို လူအင်အား ၃၀ ၀န်းကျင်ရှိတဲ့ လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်သည် ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ လက်နက်ကိုင် ၁၇ ဦး သေဆုံးခဲ့ပါတယ်။ မာလီသမ္မတက “မာလီနိုင်ငံသားတွေကို ယုံကြည်ချက်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုတာဖြစ်တယ်။ ကြောက်စိတ်နဲ့ ဖွင့်ဆိုတာ မဟုတ်ဘူး။ အကြမ်းဖက်ဝါဒ ရည်မှန်းချက်က ကြောက်စိတ်ကို ဖန်တီးဖို့ပဲ။ ဒါပေမယ့် ကျနော်တို့ဟာ ကြောက်မယ့်လူစားတွေ မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ စစ်စခန်းတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြောကြားခြင်းမရှိပါဘူး။ မာလီနိုင်ငံဟာ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ် အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတဲ့  စစ်သွေးကြွ အုပ်စုတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up