မာလာဂါ

A d v e r t i s e m e n t With Us

February 22, 2016

စပိန်လာလီဂါပွဲစဉ် မာလာဂါ ၁ - ၁ ရီးရဲလ်မက်ဒရစ် (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ နာမည်ကြီး ရီးရဲလ်မက်ဒရစ်အသင်းက မာလာဂါနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ရီးရဲလ်က ဒီပွဲမှာ ဒဏ်ရာရနေတဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂါးရတ် ဘေးလ်နဲ့ ဘန်ဇီမာတို့ မပါဘဲနဲ့ ယှဉ်ပြိုင်သွားပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၃ မိနစ်မှာ ဖရီးကစ်ကနေတဆင့် ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူပါတယ်။ အဲဒီနောက် ၂ မိနစ်လောက်မှာ ရော်နယ်ဒို ထိုးဖောက်လာတာကို တဘက်လူ တားဆီးရင်းကနေ ပင်နယ်တီ ရသွားပါတယ်။ အဲဒီပင်နယ်တီကို ရော်နယ်ဒို ကန်သွင်းပေမယ့် ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်လို့ တဂိုးနစ်နာသွားရပါတယ်။ မာလာဂါအတွက် ချေပဂိုးကို ၆၆ မိနစ်မှာ တဘက်နောက်တန်း လူကပ်မထားတဲ့ အမှားကနေ သွင်းယူပါတယ်။ ဒီပွဲသရေကျလို့ ရီးရဲလ်ဟာ အမှတ်ပေးဇယားထိပ်က ဘာစီလိုနာနဲ့ ၉ မှတ်ကွာပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မာလာဂါကတော့ ၃၁ မှတ်နဲ့ အဆင့် ၁၁ မှာ ရှိနေပါတယ်။
5 years Ago
Up