မာရီယာနို

August 31, 2018

လိုင်ယွန်တိုက်စစ်မှူး မာရီယာနိုဒီရာ့ဇ်ကို ရီးရဲလ် ခေါ်ယူ

ရီးရဲလ်မက်ဒရစ်အသင်းဟာ လိုင်ယွန်တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ မာရီယာနိုဒီရာဇ့်ကို ၅ နှစ်စာချုပ်နဲ့ ပြန်လည်ခေါ်ယူလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် စပိန်နွယ်ဖွား ဒိုမီနီကန်နိုင်ငံသားကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ပြန်လည်ခေါ်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိ ဦးစားပေးတိုက်စစ်မှူး ဘန်ဇီမာကို ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်စိတ်ရှိလာဖို့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ မာရီယာနိုဟာ လီဂူး ၁ မှာ လိုင်ယွန်အတွက် ပွဲ ၃၀ ကစားပြီး ၁၈ ဂိုး သွင်းယူထားခဲ့သလို ချန်ပီယံလိဂ် ခြေစစ်ပွဲမှာလည်း သူ့ရဲ့ဂိုးနဲ့ အသင်းကို နောက်ဆင့်ရောက်အောင် ကူညီပေးခဲ့ပါတယ်။ မာရီယာနိုဟာ ၂၀၁၇ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ လိုင်ယွန်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး လာလီဂါမှာ ၈ ပွဲကစားပြီး ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ စပိန်လက်ရွေးစင်နည်းပြဟောင်း လိုပက်တက်ဂွီ ကိုင်တွယ်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇီဒန်းနဲ့ ရော်နယ်ဒိုတို့ ထွက်ခွာပြီးနောက် ခက်ခဲနိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် ပွဲဦးထွက် နှစ်ပွဲစလုံး အနိုင်ရရှိထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် စနေနေ့မှာတော့ လီဂါနက်စ်အသင်းနဲ့ လာလီဂါပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
3 years Ago
Up