မာရာဒိုနာ ပါဝင်တဲ့ ကမ္ဘာကျော် လက်ရွေးစင်ဟောင်းအသင်းနဲ့ ရော်နယ်ဒင်ဟို ဦးဆောင်တဲ့ လာလီဂါကစားသမားဟောင်းအသင်းတို့ရဲ့ ငြိမ်းချမ်းရေး ဘောလုံးပွဲစဉ်ကို အောက်တိုဘာ ၁၂ ရက်နေ့က ရောမမြို့မှာ ကျင်းပခဲ့ပါတယ်။
ဒီပွဲကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စီစဉ်တာဖြစ်ပြီး United for Peace ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတာပါ။
ဒီပွဲဟာ ရန်ပုံငွေပွဲတပွဲဖြစ်ပြီး ရရှိတဲ့ငွေကြေးတွေကို ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့က အီတလီနိုင်ငံ အလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ခံ ပြည်သူတွေအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
မာရာဒိုနာ ဦးဆောင်တဲ့ ကမ္ဘာကျော်ဘောလုံးသမားဟောင်းအသင်းမှာ တော့တီ၊ ဒီနာတာလီ၊ ကာဘိုနီ၊ ကန်ဒဲလား၊ ဘာဒစ်ဆို၊ ကာဖူးတို့ ဦးဆောင်ပါဝင်ကစားခဲ့ပြီး လာလီဂါကစားသမားဟောင်းအသင်းမှာတော့ ရော်နယ်ဒင်ဟို ဦးဆောင်ပြီး ခရက်စပို၊ ကနူတေး၊ ဗာရွန်၊ ဘိုဂျန်၊ အဘီဒယ်လ်၊ မားကွက်ဇ်၊ ဇမ်ဘရော့တာတို့ ပါဝင်ကစားခဲ့ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒင်ဟို ဦးဆောင်တဲ့ လာလီဂါ ကစားသမားဟောင်းများအသင်းက မာရာဒိုနာ ဦးဆောင်တဲ့ အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
4 years Ago