မာရာဒိုနာ

October 31, 2021

အာဂျင်တီးနား ဂန္ထဝင်ဘောလုံးသမား မာရာဒိုနာ မွေးနေ့အထိမ်းအမှတ် ဘောလုံးပွဲများ ကျင်းပ

အာဂျင်တီးနားနိုင်ငံရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာရဲ့ မွေးနေ့အထိမ်းအမှတ် ဘောလုံးပွဲတွေကို နိုင်ငံတဝန်းမှာ ပြုလုပ်နေပါတယ်။ 

မာရာဒိုနာဟာ မနှစ်နိုဝင်ဘာ ၂၀ ရက်က နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပြီဖြစ်ပေမဲ့ အာဂျင်တီးနား အားကစားလောကနဲ့ ပြည်သူတွေက မမေ့နိုင်သေးဘဲ သူ့ရဲ့ ၆၁ နှစ် ပြည့်တဲ့ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို နိုင်ငံတဝန်း ကျင်းပနေကြတာ ဖြစ်ပါတယ်။ 

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က “ဒီနှစ် သူ့မွေးနေ့ကို အမှတ်ရတာက ဘယ်တုန်းကနဲ့မှ မတူအောင်ပါဘဲ။ သူဟာ ဘယ်တော့မှ မသေတဲ့ လူတစ်ယောက်ပါ” လို့ ရေးသားထားပါတယ်။

အာဂျင်နီးနားအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ နိုင်ငံတဝန်းလုံးက ပရော်ဖက်ရှင်နယ် ဘောလုံးကလပ်တွေက ဘောလုံးသမားတွေအားလုံး မာရာဒိုနာ ပုံနဲ့ အကျီတွေကို ဝတ်ဆင်ပြီး ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 

အသင်းခေါင်းဆောင်တွေကတော့ အာဂျင်တီးနားအရောင်ဖြစ်တဲ့ အပြာနဲ့ အဖြူပါတဲ့ လက်ပတ်တွေကို ပတ်ကြမှာ ဖြစ်ပါတယ်။ 

မွေးနေ့အထိမ်းအမှတ် ဘောလုံးပွဲတွေကို ကျင်းပတဲ့အခါ ဝမ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်တဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။ 

နိုင်ငံတဝန်းလုံးမှာ  အပျော်တမ်းအသင်းတွေ၊ လူငယ်အသင်းတွေ၊ ကလေးအသင်းတွေ အားလုံး မွေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲအဖြစ် ကစားကြမှာဖြစ်လို့ တနိုင်ငံလုံးမှာ ဘောလုံးပွဲပေါင်း တစ်ထောင်လောက် ကစားကြမယ်လို့ အဖွဲ့ချုပ်က မျှော်မှန်းထားပါတယ်။

4 weeks Ago

December 15, 2020

ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ပီလီ၊ မာရာဒိုနာနှင့်အတူ မက်ဆီနှင့် ရော်နယ်ဒို ပါဝင်

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့ ဘလွန်းဒီအောအိပ်မက်အသင်း Ballon d’Or Dream Team မှာ ပီလီနဲ့ မာရာဒိုနာတို့နဲ့အတူ ရော်နယ်ဒိုနဲ့ မက်ဆီတို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။  အခုနှစ်မှာ ဘလွန်းဒီအောဆု ချီးမြင့်မယ့် အစီအစဉ် ဖျက်သိမ်းခဲ့ပေမယ့် ဘလွန်းဒီအော အိပ်မက်အသင်းကိုတော့ ရွေးချယ်ခဲ့တာပါ။ ဘလွန်းဒီအော အိပ်မက်အသင်းကို ကမ္ဘာတဝန်းက ဂျာနယ်လစ် ၁၇၀ ရဲ့ မဲပေးမှုနဲ့ ရွေးချယ်ခဲ့တာပါ။  ဂိုးသမားနေရာမှာ ရုရှားဂန္ထဝင်ဂိုးသမားကြီး ရာရှင်ကို ရွေးချယ်ခဲ့ပြီး သူက ၁၉၆၃ ခုနှစ်မှာ ဘလွန်းဒီအောဆု ရရှိခဲ့ဖူးပါတယ်။  ခံစစ် သုံးဦးနေရာမှာ  ကာဖူး၊ ဘက်ကင်ဘောင်ဝါနဲ့ မာဒီနီတို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဂျာမနီ ဂန္ထဝင် ဘင်ကင်ဘောင်ဝါက ဘလွန်းဒီအော ၂ ကြိမ် ရယူခဲ့ဖူးပြီး  ဘလွန်းဒီအော ရယူဖူးတဲ့ တစ်ဦးတည်းသော နောက်ခံလူအဖြစ် လက်ရှိအချိန်အထိ မှတ်တမ်းတင်ထားဆဲ ဖြစ်ပါတယ်။  ကွင်းလယ်မှာတော့ လိုသာမားသီးယက်စ်၊ ဇာဗီ၊ ပီလီနဲ့ မာရာဒိုနာတို့ကို ရွေးချယ်ခဲ့ပါတယ်။ တိုက်စစ် သုံးဦးနေရာမှာ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒို၊ ပေါ်တူဂီအသင်း ခေါင်းဆောင် စီရော်နယ်ဒိုနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီတို့ ရွေးချယ်ခံခဲ့ရပါတယ်။
12 months Ago
More News
Up