မာရသွန်

A d v e r t i s e m e n t With Us

December 30, 2019

အပစ်ရပ်လုပ်ငန်းစဉ် အများပြည်သူပိုမိုသိရှိရန် မီနီမာရသွန်ပြေးပွဲ ကျင်းပမည်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်တွေကို အများပြည်သူက ပိုမိုကျယ်ပြန့်စွာ သိရှိသတိ ထားမိလာစေဖို့ ရည်ရွယ်ပြီး မီနီမာရသွန် အပြေးပြိုင်ပွဲကျင်းပဖို့ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S(ရှမ်း)) က စီစဉ်နေပါတယ်။ မီနီမာရသွန်ပြိုင်ပွဲကို လာမယ့် ဇန်နဝါရီ ၄ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့မှာ ကျင်းပဖို့အတွက် JMC-S(ရှမ်း) ကော်မတီအဖွဲ့ဝင်တွေနဲ့ အရပ်သားကိုယ်စားလှယ်တွေဟာ ဇင်ဘာ ၂၉ ရက်က ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ ကော်မတီက သတင်းထုတ်ပါတယ်။ ပြိုင်ပွဲကျင်းပမယ့်နေ့ဟာ JMC-S(ရှမ်း) ဖွဲ့စည်းတဲ့ လေးနှစ်ပြည့်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ သိရပါတယ်။ ညှိနှိုင်းအစည်းအဝေးကို JMC-S (ရှမ်း) ဒု ဥက္ကဋ္ဌ(၂) ခွန်ကျော်ဆွေ၊ အတွင်းရေးမှူးတွေ ဖြစ်တဲ့ ခွန်ထွန်းတင်၊ ဒုတိယဗိုလ်မှူးကြီး ဝင်းအောင် အပါအဝင် အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ- JMC-S
1 year Ago
Up