မာရသွန်

November 12, 2018

လက်ဘနွန် ဘေရွတ်မာရသွန်ပွဲ အပြေးသမား ၅ သောင်းခန့် ဆင်နွှဲ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ နိုဝင်ဘာ ၁၁ ရက်က ကျင်းပတဲ့ ၁၆ ကြိမ်မြောက် ဘေရွတ် မာရသွန်ပွဲကို ကမ္ဘာတဝှမ်းက အပြေးသမား ၄၈၈၀၀ ပါဝင်ဆင်နွှဲပြီး အပြေးသမား ၁၂၀၀ က ၄၂ ကီလိုမီတာ မာရသွန်ပွဲကို ပန်းဝင်ခဲ့ပါတယ်။ တခြားအပြေးသမားတွေကတော့ ၂၁ ကီလိုမီတာ မာရသွန်ဝက် ပြေးပွဲ၊ ၈ ကီလို၊ ၅ ကီလိုနဲ့ ၁ ကီလို ပြေးပွဲတွေမှာ ပါဝင်ဆင်နွှဲပါတယ်။ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာနဲ့ ပြေးလွှားခြင်းလို့ အမည်တပ်ထားတဲ့ ဒီပြေးပွဲဟာ ပြေးရင်းကနေ ကျန်းမာရေးနဲ့ ငြိမ်းချမ်းရေးကို ထောက်ကူအားပေးဖို့ မျှော်လင့်ထားပါတယ်။ "ဘေရွတ်မြို့မှာ တခါတလေ အခက်အခဲတချို့ရှိတယ်။ ဒီပွဲက ဘေရွတ်ကလူတွေကို ညီညွတ်စေတဲ့ပွဲ ဖြစ်ကောင်းဖြစ်မယ်" လို့ အပြေးသမားတယောက်က ပြောပါတယ်။ နိုင်ငံတွင်း တည်ငြိမ်ရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် လက်ဘနွန်ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ထမ်းဆောင်ရင်း ဘေရွတ် မာရသွန်ကို ကျင်းပလာတာ ၂၀၀၃ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
3 years Ago

September 26, 2018

တရုတ် ရော့အင်ရိုး မာရသွန်ပြေးပွဲ လူ ၁ သောင်းကျော် ဆင်နွှဲ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်က ချန်ဒူမြို့မှာ ရော့အင်ရိုး  ၁၃.၁ ကီလိုမီတာကျော် မာရသွန်ပြေးပွဲကို အပြေးသမား ၁ သောင်း ၂ ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ကြ ပါတယ်။ စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့ပြီး အမေရိကန်၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတို့ အပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံက အပြေးသမားတွေ ပါဝင်ခဲ့ကြကာ ဒီပြိုင်ပွဲကို နှစ်စဉ်ကျင်းပတာလည်းဖြစ်ပတါယ်။ ရုရှား၊ အိုင်ယာလန်နဲ့ တရုတ်နိုင်ငံတို့က တီးဝိုင်း ၁၅ ခုဟာ ပြေးလမ်းတလျှောက်က ဂီတရုံ ၈ ခုမှာ တီးခတ်ပြီး အပြေးသမားတွေကို အားပေး တီးခတ်ခဲ့ကြပါတယ်။ ပြိုင်ပွဲမှာ တရုတ်အပြေးသမား  ယန်းကုခူနဲ့ ကင်ညာအပြေးသမား အဲဗာလင်းတို့က  အမျိုးသားနဲ့ အမျိုးသမီး မာရသွန်ဝက်ပြေးပွဲမှာ ဆုတွေအသီးသီးရရှိခဲ့ပါတယ်။ ဒါ့ပြင် ဒီပြိုင်ပွဲအတွင်း ၁၀ ကီလိုမီတာနဲ့ ၅ ကီလိုမီတာပြိုင်ပွဲတွေပါ ထည့်သွင်း ကျင်းပခဲ့ပါတယ်။ ရော့အင်ရိုး မာရသွန်အပြေးပြိုင်ပွဲတွေကို ၁၉၉၈ ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ပြေးလမ်းတလျှောက် တိုက်ရိုက် တေးဂီတဖော်ျဖြေပွဲတွေနဲ့ ပျော်စရာ အပြေးပြိုင်ပွဲဖြစ်အောင် ဖန်တီးထားတဲ့ပွဲဖြစ်ပါတယ်။
3 years Ago
More News
Up