မာရင်ဂျောင်း

May 16, 2018

ထိုင်ဝမ်သမ္မတဟောင်း မာရင်ဂျောင်းကို ထောင်ဒဏ် ၄ လ ချမှတ်

ထိုင်ဝမ်သမ္မတဟောင်း မာရင်ဂျောင်းကို အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက် ပေါက်ကြားမှုနဲ့ မေလ ၁၅ ရက်နေ့က ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ သမ္မတဟောင်း မာရင်ဂျောင်းဟာ ၂၀၁၆ ခုနှစ် သမ္မတရာထူးကနေ အနားယူပြီးနောက်ပိုင်း တရားစွဲဆိုခံနေရသူဖြစ်ပြီး အခုဆုံးဖြတ်ချက်ဟာ ပထမဆုံး ပြစ်ဒဏ်ချလိုက်တဲ့အမှုလည်း ဖြစ်ပါတယ်။ အခုလို ထောင်ဒဏ် ၄ လ ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို ထိုင်ဝမ်တရားရုံးချုပ်က ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ မာရင်ဂျောင်းဟာ ဆက်သွယ်ရေးနဲ့ စုံစမ်းစစ်ဆေးရေးဥပဒေကို ချိုးဖောက်တာကြောင့် ထောင်ဒဏ် ၄ လ ချမှတ်လိုက်တယ်လို့ တရားရုံးဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ မာရင်ဂျောင်းဟာ အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်၊ လျှို့ဝှက်ထားသင့်တဲ့ အတိုက်အခံလွှတ်တော်အမတ် ခါချန်မင် (Ker Chien-ming) နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပေါက်ကြားစေခဲ့တာ ဖြစ်ပါတယ်။ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး သမ္မတဟောင်း မာရင်ဂျောင်းကတော့ အယူခံဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
3 years Ago
Up