မာရက်ဇ်၏ချေပဂိုးဖြင့် လက်စတာစီးတီး ဝက်စ်ဘရွန်းနှင့် သရေကျ

October 17, 2017

မာရက်ဇ်၏ချေပဂိုးဖြင့် လက်စတာစီးတီး ဝက်စ်ဘရွန်းနှင့် သရေကျ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၈ လက်ကျန်ပွဲအဖြစ် လက်စတာစီးတီးနဲ့ ဝက်စ်ဘရွန်းတို့ မနေ့ညက ယှဉ်ပြိုင်ရာ တဖက်တဂိုးစီ သရေကျသွားပါတယ်။ ဒီရာသီမှာ အခြေမလှဖြစ်နေတဲ့ လက်စတာစီးတီးအသင်းဟာ အိမ်ကွင်းမှာ နိုင်ပွဲရယူနိုင်ဖို့ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဗာဒီ၊ မာရက်ဇ်၊ အယ်လ်ဘရိုက်တန်၊ မော်ဂန်၊ ဂိုး ရှမိုက်ကယ်နဲ့ မန်စီးတီးကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အီဟီယာနာချိုတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ လက်စတာအသင်းရဲ့ အပိုင်ကန်သွင်းချက် တချို့ လွဲချော်ခဲ့သလို ဝက်စ်ဘရွန်း ဂိုးသမားနဲ့ နောက်တန်းလူတွေ ကာကွယ် ဖျက်ထုတ်နိုင်ခဲ့တဲ့အတွက်လည်း ဂိုးမရနိုင်ဘဲ ဖြစ်ခဲ့တာပါ။ လက်စတာဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အသာစီး ရယူနိုင်ခဲ့ပေမယ့် အဖွင့်ဂိုးကိုတော့ ဝက်စ်ဘရွန်းက ရရှိခဲ့ပြီး ၆၃ မိနစ်မှာ ချတ်ဒ်လီက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ရယူပေးခဲ့တာပါ။ လက်စတာအတွက် ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၈၀ မှာ မာရက်ဇ်က ပယ်နယ်တီဧရိယာအတွင်းကနေ ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ ဝက်စ်ဘရွန်းက ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရှိနေပြီး လက်စတာစီးတီးကတော့ ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။
3 years Ago
Up