“မာယာလှည့်ကွက်”ရုပ်သံဇာတ်လမ်းတွဲ

October 6, 2020

ပိုပိုဟေသာသီဆိုထားသည့် “မာယာလှည့်ကွက်”ရုပ်သံဇာတ်လမ်းတွဲ ဇာတ်ဝင်တေး(ရုပ်သံ)

       “လမ်းရှေ့ကိုလှမ်းမတွေ့နိုင်ပြီ… ဘယ်မှန်းမသိအောင် အတွေးခက်နေမိ… အ မှားနဲ့အမှန်ရောနှော… ဘဝတခုမှာ စီးမျော… အချစ်နောက်က ကြိုးများစွာသည်… အ မုန်းတရားနဲ့ ရစ်ပတ်နှောင်ချည်… အရိပ်နဲ့ အရောင်ရောနှော… စိတ္တဇဆန်လွန်းသော… ဘဝတခုမှာ စီးမျော”        ဒါကတော့ လတ်တလော ထုတ်လွှင့်ပြသနေတဲ့ “မာယာလှည့်ကွက်” ရုပ်သံဇာတ် လမ်းတွဲထဲက ဇာတ်ဝင်တေးတပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပါတယ်။        “မာယာလှည့်ကွက်များ”လို့အမည်ပေးထားတဲ့ ဒီဇာတ်ဝင်တေးကိုတော့ တေးရေး ဇဝါက ရေးဖွဲ့ပေးထားခဲ့ပြီး တေးသံရှင် ပိုပိုဟေသာက သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။        ဒီရုပ်သံဇာတ်လမ်းကိုတော့ အောက်တိုဘာလ ၅ ရက်နေ့ကစတင်ကာ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာ အထိ ညစဉ် ၇ နာရီတိုင်းမှာ ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။     အမျိုးသမီးဇာတ်ရုပ်အသားပေး ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ ရိုက်ကူးတင်ဆက် ထားတဲ့ ဒီ ဇာတ်လမ်းတွဲထဲမှာတော့ သရုပ်ဆောင်မင်းသမီး ပိုးကြာဖြူခင်၊ မင်းဘုန်းမြတ်၊ အောင်ပိုင်၊ မင်းဦး၊ မေကဗျာ၊ မြနှင်းရည်လွင်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။     MRTV-4 က ထုတ်လွှင့်ပြသခဲ့တဲ့ ပန်းနုသွေး၊ ဝင်္ကပါရှင်းတမ်း၊ ချစ်ရပါသောနွေ၊ အချစ်သင်္ကေတ၊ မနေ့ကဖြစ်သည်၊ ငွေစက္ကူ ၇ ရွက်၊ ပုဂံမြို့သူ၊ ထာဝရမန္တလေးစတဲ့ ရုပ်သံဇာတ်လမ်းတွေအ ပြင် ပျားရည်အိုင်၊ ဂျီဟောသူတို့လို နာမည်ကြီး ဝတ္ထုတွေကို ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ ပြန်လည် ရိုက်ကူးတင်ဆက်မှုတွေဟာလည်း ပရိသတ်တွေ ရင်ထဲ အခိုင်အမာရောက်ရှိခဲ့တာမို့လို့ ခုတခါ “မာယာလှည့်ကွက်”ရုပ်သံဇာတ်လမ်းတွဲ ကရော ဘယ်လိုထူးခြားတဲ့ ဇာတ်အိမ်၊ ဇာတ်လမ်းဇာတ်ကွက် တွေနဲ့ ဖန်တီးပုံဖော်ထား မလဲ ဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။        “အငြိုးများနဲ့ ရှို့ခဲ့တဲ့မီး… အခိုးအငွေ့တွေသာ ပိတ်ဖုံးပြီး… အရှုံးနဲ့အနိုင် ရော နှော… လျှို့ဝှက်တတ်လွန်းသော… ဘဝတခုမှာ စီးမျော… မာယာလှည့်ကွက်များ… မာ ယာလှည့်ကွက်များ… ဟန်ဆောင်ထားခြင်းများနဲ့ လောကကြီး… မာယာလှည့်ကွက် များ… မာယာလှည့်ကွက်များ… ဟန်ဆောင်ထားခြင်းများနဲ့ လောကကြီး”        ပိုပိုဟေသာကတော့ “ချစ်တဲ့စိတ်ဆိုတာ”အမည်ရတဲ့ သီချင်းနဲ့အတူ ပရိသတ်တွေ သတိထားမိလာသူဖြစ်ပြီး “ရှစ်ခွင်တိုင်း” ၊ “ကမ္ဘာဦးရည်းစား”စတဲ့ တေးအယ်လ်ဘမ် တွေ ထွက်ရှိခဲ့ပြီးဖြစ်သလို ခုတခါ “မာယာလှည့်ကွက်များ” ဇာတ်ဝင်တေးထဲမှာလည်း သူ့ရဲ့ ထူးခြားတဲ့ သီဆိုဟန်ကို ဇာတ်ဝင်ခန်းပုံရိပ်တွေနဲ့အတူ ပရိသတ်တွေ ရှုစားနားဆင် ကြရမှာ ဖြစ်ပါတယ်။
7 months Ago

September 25, 2020

“မာယာလှည့်ကွက်”ရုပ်သံဇာတ်လမ်းတွဲ အောက်တိုဘာ ၅ ရက်ထုတ်လွှင့်မည်(ရုပ်သံ)

       “မာယာလှည့်ကွက်”အမည်ရတဲ့ ရုပ်သံဇာတ်လမ်းတွဲသစ်ကို လာမယ့် အောက်တိုဘာလ ၅ ရက်က စတင်ပြီး ထုတ်လွှင့်ပြသတော့မယ်လို့ သိရပါတယ်။        ဒီရုပ်သံဇာတ်လမ်းကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာ နေ့အထိ ညစဉ် ၇ နာရီတိုင်းမှာ ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။        အမျိုးသမီးဇာတ်ရုပ်အသားပေး ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဒီ ဇာတ်လမ်းတွဲထဲမှာတော့ သရုပ်ဆောင်မင်းသမီး ပိုးကြာဖြူခင်၊ မင်းဘုန်းမြတ်၊ အောင်ပိုင်၊ မင်းဦး၊ မေကဗျာ၊ မြနှင်းရည်လွင်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။        MRTV-4 က ထုတ်လွှင့်ပြသခဲ့တဲ့ ပန်းနုသွေး၊ ဝင်္ကပါရှင်းတမ်း၊ ချစ်ရပါသောနွေ၊ အချစ်သ င်္ကေတ၊ မနေ့ကဖြစ်သည်၊ ငွေစက္ကူ ၇ ရွက်၊ ပုဂံမြို့သူ၊ ထာဝရမန္တလေးစတဲ့ ရုပ်သံဇာတ်လမ်းတွေအ ပြင် ပျားရည်အိုင်၊ ဂျီဟောသူတို့လို နာမည်ကြီး ဝတ္ထုတွေကို ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ ပြန်လည် ရိုက်ကူးတင်ဆက်မှုတွေဟာလည်း ပရိသတ်တွေရင်ထဲ အခိုင်အမာရောက်ရှိခဲ့တာမို့လို့ ခုတခါ “မာ ယာလှည့်ကွက်”ရုပ်သံဇာတ်လမ်းတွဲကရော ဘယ်လိုထူးခြားတဲ့ ဇာတ်အိမ်၊ ဇာတ်လမ်းဇာတ်ကွက် တွေနဲ့ ဖန်တီးပုံဖော်ထားမလဲ ဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
8 months Ago
Up