၂၀၁၁ ခုနှစ် လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီကို ရာထူးချခဲ့ပြီး သူပုန်ဝန်ကြီးချုပ် ဖြစ်လာသူ မာမွတ်ဂျစ်ဘရေလ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရအပြီး ဧပြီလ ၅ ရက်က သေဆုံးခဲ့တယ်လို့ သူ့လက်ထောက်နဲ့ သူ့ပါတီက ပြောပါတယ်။
သူဟာ ၂၀၁၂ မှာ လစ်ဗျားရဲ့ နှစ် ၄၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့တဲ့အထိ ကြားဖြတ်အစိုးရကို ဦးဆောင်ခဲ့သူပါ။
မတ်လနှောင်းပိုင်းက ဗိုင်းရပ်စ်ကူးစက်ခံရအပြီး အီဂျစ်မြို့တော် ကိုင်ရိုက ပုဂ္ဂလိက ဆေးရုံမှာ ဆေးကုသခံယူရင်း သေဆုံးခဲ့တယ်လို့ သူ့လက်ထောက်က ပြောပါတယ်။
ဂျစ်ဘရီယယ်လ် မသေဆုံးခင်မှာ လစ်ဗျားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၁၈ ယောက်ရှိပြီး တယောက် သေဆုံးခဲ့တယ်လို့ လစ်ဗျားရဲ့ နိုင်ငံတကာအသိအမှတ်ပြု အစိုးရက အတည်ပြုထားပါတယ်။
11 months Ago