မာမွတ်အဘတ်စ်

May 29, 2018

ပါလက်စတိုင်းသမ္မတ အဆုတ်ကူးစက်နာကြောင့် ဆေးရုံတက်နေရ

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ဟာ အဆုတ်ကူးစက်နာကြောင့် ၈ ရက်မြောက်နေ့အဖြစ် ဆေးရုံမှာ ကုသခံနေရကြောင်း ဆေးရုံတာဝန်ရှိသူတွေက မေလ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အသက် ၈၂ နှစ်အရွယ် သမ္မတ အာဘတ်စ်ဟာ ဆေးလိပ်အလွန်အကျွံသောက်သူ ဖြစ်ပြီး မေလ ၂၀ ရက်နေ့က ဆေးရုံတက်ခဲ့တာ ဖြစ်ပါတယ်။ သမ္မ္မတ အာဘတ်စ်ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်မှု မြန်ဆန်ကြောင်း၊ ဆေးစစ်ချက်အဖြေတွေ ပုံမှန်ပြန်ဖြစ်လာကြောင်းနဲ့ အဲဒီအဖြေတွေပေါ် အခြေခံပြီး သမ္မတ အာဘတ်စ် ဆေးရုံက ဆင်းနိုင်မယ့်ရက်ကို ပြောကြားမှာဖြစ်ကြောင်း အာဘတ်စ်တက်ရောက်ရာ ဆေးရုံ ဆေးဘက်ဆိုင်ရာ ညွှန်မှူးက ပြောခဲ့ပါတယ်။ သမ္မတ အာဘတ်စ်ဟာ ဆေးရုံတက်နေစဉ်အတွင်း နိုင်ငံတကာနဲ့ ပါလက်စတိုင်း တာဝန်ရှိသူတွေနဲ့ အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့လည်း အမည်မဖော်လိုသူ ပါလက်စတိုင်း တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
3 years Ago

May 4, 2018

PLO အမှုဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် မာမွတ်အဘတ်စ် ထပ်မံရွေးချယ်ခံရ

ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်ဟာ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) အမှုဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် မေလ ၄ ရက်နေ့မှာ ထပ်မံ ရွေးချယ်ခံရပါတယ်။ ဂါဇာအနောက်ဘက်ကမ်းက ယာမလာမြို့မှာ ၄ ရက်ကြာ ပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်း အမျိုးသားကောင်စီ (PNC) အစည်းအဝေးအပြီးမှာ အဘတ်စ်ကို အခုလို ခန့်အပ်ခဲ့တာပါ။ ပါလက်စတိုင်း လွှတ်တော်အဖြစ် သတ်မှတ်ခံရတဲ့ PNC ဟာ အမှုဆောင်ကော်မတီသစ်ကို ရွေးချယ်တာ ဖြစ်ပါတယ်။ ဂျေရုစလင်ကို အစ္စရေးနိုင်ငံ မြို့တော်အဖြစ် အသိအမှတ်ပြုပြီး အမေရိကန်သံရုံးကို ပြောင်းရွှေ့မယ်လို့ အမေရိကန်သမ္မတ ထရမ့်က ဆုံးဖြတ်ခဲ့တာကို မဟာဗျူဟာကျကျ တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ပြီး PNC အစည်းအဝေး လုပ်ခဲ့တာပါ။ ဧပြီ ၃၀ ရက်နေ့ PNC အစည်းအဝေးပွဲမှာ အဘတ်စ်ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ ဂျူးဆန့်ကျင်ရေးတွေ ပါဝင်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။
3 years Ago
Up