မာဗင်ရှာ့ပ်

A d v e r t i s e m e n t With Us

September 22, 2015

အမေရိကန် အကောင်းဆုံးနည်းပြဆု ရခဲ့ဖူးသူ အကျဉ်းကျခံနေရစဉ် သေဆုံး

အမေရိကန် နိုင်ငံရဲ့ တနှစ်တာ အကောင်းဆုံး အားကစားနည်းပြဆု ရခဲ့ဖူးသူ မာဗင်ရှာ့ပ်ဟာ ကလေးသူငယ် မဖွယ်မရာလုပ်မှုနဲ့ လိင်ပိုင်း အလွဲသုံးစားလုပ်မှု စွဲချက်တွေနဲ့ အင်ဒီယားနားထောင်အတွင်း အကျဉ်းကျခံနေရစဉ် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ ထင်ရတဲ့ပုံနဲ့ သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ပြောပါတယ်။ အသက် ၄၉ နှစ်အရွယ် အားကစားနည်းပြကို စက်တင်ဘာ ၁၉ ရက်နေ့က မာရီယွန်မြို့နယ် အကျဉ်းထောင်က သူ့အကျဉ်းခန်းမှာ သေဆုံးနေတာ တွေ့ရတယ်လို့ မြို့ငြိမ်ဝပ်ပိပြားရေးအဖွဲ့ရဲ့ ပြောခွင့်ရ ကေတီ ကာလ်စန်က ကြေညာချက် ထုတ်ပါတယ်။ လုပ်ကြံမှုသံသယ မရှိဘူးလို့ ပြောပေမယ့် သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ အသေးစိတ် မပြောခဲ့ပါဘူး။ ရှာ့ပ်ဟာ ၂၀၀၈ အမေရိကန် အိုလံပစ် အမျိုးသမီး အားကစားအသင်းဝင် တချို့ကို နည်းပြလုပ်ခဲ့တာပါ။ ၂၀၁၀ ခုနှစ်မှာ အကောင်းဆုံး အားကစားနည်းပြဆု ရခဲ့တယ်လို့ အင်ဒီယာနာပိုလစ်စတား သတင်းဌာနက အစီရင်ခံပါတယ်။ အဲဒီနောက် ၁၄ နှစ်သမီးတယောက် အပါအဝင် ကလေးသူငယ် မဖွယ်မရာမှု ၄ မှု၊ လိင်ပိုင်းအလွဲသုံးစားလုပ်မှု ၃ မှုနဲ့ တရားစွဲခံခဲ့ရအပြီး သြဂုတ်လက ထောင်ကျခဲ့တယ်လို့ မာရီယွန်မြို့နယ် တရားရုံးမှတ်တမ်းက ပြသထားပါတယ်။ သူတယောက်တည်း နေထိုင်တဲ့ အိမ်နဲ့ အားကစားရုံထဲမှာ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေရဲ့ ထောင်နဲ့ချီတဲ့ မဖွယ်မရာ ဓာတ်ပုံတွေကို တွေ့ခဲ့အပြီး သူ့ကို ကလေးသူငယ် ပြည့်တန်ဆာဓာတ်ပုံတွေ ပိုင်ဆိုင် လက်ဝယ်ထားရှိမှုနဲ့ ပြည်ထောင်စုတရားရုံးက တရားစွဲတာကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ တရားရုံး စာရွက်စာတမ်းတွေက ဆိုပါတယ်။
5 years Ago
Up