မာန်အောင်မြို့

A d v e r t i s e m e n t With Us

December 19, 2019

မိုင်းပေါက်ကွဲခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မာန်အောင်ဓာတ်အားပေးစက်ရုံဖွင့်ပွဲ တက်ရောက်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ ဒီဇင်ဘာ ၁၉ ရက် မနက်က မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  တက်ရာက်ခဲ့ပါတယ်။  မာန်အောင်မြို့ ငအင်းကျေးရွာအနီး ဟိုတယ်မာန်အောင်သွားတဲ့လမ်းနဲ့ ကျွန်းပတ်လမ်းမဘေးမှာ မိုင်းသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အခမ်းအနားကိုတော့အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီ ၁၁ နာရီကျော် လောက်မှာ မာန်အောင်ကနေ ရဟတ်ယာဉ်နဲ့ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး (ပြောရေးဆိုခွင့်ရှိသူ) ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။ “ဖွင့်ပွဲအခမ်းအနားပြီးတော့ မာန်အောင်ဒေသခံတွေနဲ့တွေ့ဆုံပွဲလုပ်တယ်။ အားလုံးအောင်အောင်မြင်ပီးသွားပြီ။ ပေါက်ကွဲမှုဖြစ်တာ ဖွင့်ပွဲလုပ်တဲ့နေရာနဲ့တော်တော်ဝေး ပါတယ်။ ၃ မိုင်လောက်တော့ရှိမယ်။ ဘာမှထိခိုက်မှုမဖြစ်ပါဘူး။ ၁၁ နာရီကျော်ကျော် လောက်မှပြန် လည်ထွက်ခွာသွားပါတယ်။ ဒီရောက်တာက ၉ နာရီခွဲ ၁၀ နာရီလောက်မှာရောက်တာ။” မာန်အောင်မြို့ငအုန်းမော်ကျေးရွာမှာတည်ဆောက်ထားတဲ့နေရောင်ခြည်စွမ်းအင်သုံးဆိုလာ ဓာတ်အားစက်ရုံဖွင့်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ မာန်အောင်မြို့ပေါက်ကွဲမှုဖြစ်စဉ်ပတ်သက်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီး မောင်မောင်စိုးကို ဒီဗွီဘီကမေးမြန်ရာမှာ မိုင်းဘယ်နှစ်လုံးပေါက်ကွဲတယ်ဆိုတာ အသေးစိတ်သိရဖို့ မေးမြန်းနေတယ်လို့ ဖြေဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မလာခင် မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့အင်အား ၂၀၀ နဲ့ တပ်မတော်သားအင်အား ၂၀၀ တို့က မာန်အောင်မြို့ပေါ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ကတည်းက လုံခြုံရေး တိုးမြင့်ချထားပါတယ်။
1 year Ago

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မာန်အောင်မြို့ကိုမရောက်ခင် နာရီပိုင်းအလိုတွင် မိုင်း ၃ လုံးပေါက်ကွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်၊  မာန်အောင်မြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲကို လာရောက်ဖို့ နာရီပိုင်းအလိုမှာ မိုင်းသုံးလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မနက် ၆ နာရီကျော်က  မာန်အောင်မြို့နဲ့သုံးမိုင်ကျော်ကွာဝေးတဲ့ ငရံကျေးရွာအုပ်စုရှိ မြို့ပတ်လမ်းရဲ့ တဖက်တချက်မှာ မိုင်းသုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ စမုံတဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ရွှေမှ ပြောပါတယ်။ “ပေါက်ကွဲမှုဖြစ်တာကတော့ မနက် ၆ နာရီ မိနစ် ၂၀ လောက်မှာ ဖြစ်တာပါ။ မာန်အောင်မြို့ရဲ့ သုံးမိုင်ကျော်ဝေးတယ်။  မြို့ကလွန်ပြီးတော့ ကုန်းခင်အုပ်စုဆို ပြီးတော့အုပ်စုတခုရှိတယ်။ အဲဒီအုပ်စုကျော်ပြီးတော့မှ ငရံအုပ်စုကိုရောက်တာပေါ့၊ ပေါက်တာကတော့ ကျွန်းပတ်လမ်းရဲ့ ပခုံးမှာပေါ့။  မြေသားပလက်ဖောင်းရဲ့ ဘေးစောင်းတန်းနား တဘက်တချက်ပေါ့။ တဘက်မှာကနှစ်လုံး တဘက်မှာကတော့ တလုံးပေါက်တာ။ မိုင်းပေါက်ကွဲတဲ့နေရာအနီးမှာတော့ ဘောစိကလေး တွေတွေ့တယ်၊ နောက်ပြီးတော့ ရေမွှေးပုလင်းအဖုံးတလုံးတွေ့တယ်။  အဲဒီရေမွှေးပုလင်းအဖုံးကိုနမ်းကြည့်လိုက်တော့ ယမ်းနံ့တွေနံတယ်၊ မြေသားတွေထွက်သွားတာရှိတယ်၊ ထိခိုက်မှုတွေတော့ မတွေ့ရဘူး”  အဆိုမိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး  မာန်အောင်မြို့ရဲစခန်းတာဝန်ရှိသူ တဦးကို မေးမြန်းရာမှတော့ အသေးစိတ်ပြောလို့မရသေးပါဘဲ ဘယ်သူ့လက်ချက်လဲဆိုတာ စုံစမ်းတုန်းပဲရှိသေးတယ်လို့ပြောပါတယ်။ မာန်အောင်မြို့နယ်ရှိ ခအုန်းမော်ကျေးရွာမှာ တည်ဆောက်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို လာရောက်ဖွင့်လှစ်မယ့် နိုင်ငံတော်အတိုင်ပင်ခံပု ဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွက် လွန်ခဲ့တဲ့ ၃ ရက်လောက် ကတည်းက ရဲတပ်ဖွဲ့တွေနဲ့ တပ်မတော်သား အင်အား ၄၀၀ ကျော်ကို လုံခြုံရေးဆောင်ရွက်ဖို့ ပို့ဆောင်ထားပြီး နောက် အခုလိုမိုင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ  မာန်အောင်မြို့ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိခဲ့ပြီး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် မနက် ၁၁ နာရီကျော်မှာ မာန်အောင်မြို့မှ ပြန်လည်ထွက်ခွာသွားပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မာန်အောင်မြို့ကို သွားရောက်ပြီး  ရဟတ်ယာဉ်နဲ့ သံတွဲလေဆိပ်သို့ ပြန်လည်ရောက်ရှိလာတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။  နောင်နောင်
1 year Ago
Up