မာန်အောင်တွင် လေယာဉ်ဆင်းသက်စဉ် ဘီးပေါက်

November 16, 2016

မာန်အောင်တွင် လေယာဉ်ဆင်းသက်စဉ် ဘီးပေါက်

ရန်ကုန်မြို့မှ မာန်အောင်မြို့ကို ပျံသန်းလာတဲ့ မြန်မာ့လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ငယ်တစီး မာန်အောင်လေဆိပ်လေယာဉ်ကွင်းကို ဆင်းသက်အချိန်မှာ ဘီးပေါက်လို့  လမ်းဘေးထိုးရပ်သွားခဲ့ပါတယ်။ နိုဝင်ဘာ ၁၆ ရက် မနက် ၉ နာရီအချိန်လောက်က မာန်အောင်လေဆိပ် စမုံတဲလေယာဉ်ကွင်းကို ဆင်းသက်စဉ် ဘီးပေါက်သွားတာဖြစ်ပြီး ခရီးသည်အပါအဝင် တဦးတယောက်မှ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ မာန်အောင်အုပ်ချုပ်ရေးမှူးဦးကျော်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ “ထိခိုက်ဒဏ်ရာရတာတယောက်မှမရှိဘူးခင်ဗျ။ လေယာဉ်ကဆင်းပြီး သွားပြီ။ လေယာဉ်ရဲ့ပြေးလမ်းပေါ်မှာ ထိပြီးတဲ့အချိန်မှာ ညာ ဘက်ဘီးက ပေါက်သွားတာပေါ့။ ညာဘက်ဘီးက ပေါက်ပြီးတော့ ဘေးကိုဆင်းသွားတာပေါ့။ တခြားဘီးကတော့ ပြေးလမ်းပေါ်မှာ။ ခရီးသည် ၈ ဦးရယ်၊ လေယာဉ် မောင်း ၂ ဦးရယ်၊ လေယာဉ်မယ် ၁ ဦး စုစုပေါင်း ၁၁ ဦးပါပါတယ်။ ထိခိုက်ဒဏ်ရာမှုတဦးမှ မရှိဘူးခင်ဗျ။" ပျက်စီးသွားတဲ့အစိတ်အပိုင်းတွေကို ပြုပြင်နေပြီး ခရီးစဉ်ကိုလေယာဉ်အစားထိုးပြေးဆွဲဖို့ လုပ်ဆောင်နေ တယ်လို့ လည်း သူဆက်လက်ပြောပါတယ်။ မြန်မာ့လေကြောင်းလိုင်းဟာ ရန်ကုန်နဲ့ မာန်အောင်ကို တပတ် တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာသုံးရက်ပျံသန်းပြေး ဆွဲနေတာဖြစ်ပါတယ်။ သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ဇေယျာ  
6 years Ago
Up