ရီးရဲလ်အသင်းမှာ ဟာဇက် အောင်မြင်မှုရနိုင်တယ်လို့ ဘယ်လ်ဂျီယံအသင်း နည်းပြ မာတီနက်ဇ်က သုံးသပ် ပြောကြားလိုက်ပါတယ်။
နည်းပြ မာတီနက်ဇ်အနေနဲ့ ဟာဇက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သုံးသပ်ခဲ့တာဖြစ်ပြီး ဟာဇက်အနေနဲ့ ရီးရဲလ်အသင်းနဲ့ အံဝင်နိုင်မယ့် ကစားသမား ဖြစ်တယ်လို့ ဆိုပါတယ်။
ဟာဇက်ဟာ အခုနှစ် နွေရာသီရဲ့ အထူးခြားဆုံး ခေါ်ယူမှုတခုဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို သွားဖို့က ထူးခြားတဲ့ ကစားသမားတွေပဲ လုပ်ဆောင်နိုင်ကြောင်းနဲ့ ရီးရဲလ်ကို ပြောင်းလိုက်တာဟာ ပြီးပြည့်စုံတဲ့ အတွဲအဖက်ဖြစ်တယ်လို့ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ပြောကြားလိုက်တာပါ။
ဟာဇက်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ပြင်သစ်ကလပ် လိုင်လီအသင်းနဲ့အတူ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းမှာ ၇ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဆုဖလား ၂ လုံး ရယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလား ၂ လုံး၊ လိဂ်ဖလား ၁ လုံးနဲ့ အက်ဖ်အေဖလား ၁ လုံး ရယူနိုင်ခဲ့ပါတယ်။
4 years Ago