မာတီဆက်ကာ

May 7, 2018

အာဆင်နယ်အသင်းခေါင်းဆောင် မာတီဆက်ကာ ကစားသမားဘဝမှ အနားယူ

အာဆင်နယ်အသင်းခေါင်းဆောင် မာတီဆက်ကာဟာ မနေ့ညက ကစားတဲ့ ဘန်လေနဲ့ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူလိုက်ပါတယ်။ အဲဒီပွဲမှာ မာတီဆက်ကာက ပွဲချိန် ၇၇ မိနစ်မှာ ချန်ဘာနဲ့ လူစားလဲ ဝင်ရောက်ကစားခဲ့ပြီး အိမ်ကွင်းနောက်ဆုံးပွဲနဲ့အတူ ပရိသတ်တွေကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိ မာတီဆက်ကာအနေနဲ့ ကစားသမားဘဝကနေ အနားယူလိုက်ပေမယ့် အာဆင်နယ်အသင်း အကယ်ဒမီရဲ့ ဒါရိုက်တာအဖြစ် ဆက်ပြီး တာဝန်ယူမယ်လို့ သိရပါတယ်။ ဒီလို ထူးခြားတဲ့နေ့တနေ့ ရောက်လာအောင် အားပေးခဲ့ကြတဲ့ အသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ မာတီဆက်ကာက ပြောပါတယ်။ ဘန်လေကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ကစားသမားတွေအားလုံးက အဖြူရောင်တီရှပ်တွေဝတ်ဆင်ပြီး ဂုဏ်ပြု နှုတ်ဆက်ခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်ဟောင်း မာတီဆက်ကာဟာ ၂၀၁၁ ခုနှစ်ကတည်းက အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကစားခဲ့တာပါ။ အသင်းနဲ့အတူ စုစုပေါင်း ၂၂၁ ပွဲကစားပြီး ၁၀ ဂိုး သွင်းယူခဲ့ပါတယ်။
3 years Ago
Up