မာတာ၊ ကော်စတာနှင့် တောရက်စ် ယူရိုပြိုင်ပွဲဝင်မည့် စပိန်လက်ရွေးစင်အသင်းတွင် မပါဝင်

A d v e r t i s e m e n t With Us

May 18, 2016

မာတာ၊ ကော်စတာနှင့် တောရက်စ် ယူရိုပြိုင်ပွဲဝင်မည့် စပိန်လက်ရွေးစင်အသင်းတွင် မပါဝင်

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာနဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား မာတာတို့ဟာ ၂၀၁၆ ယူရိုပြိုင်ပွဲဝင်မယ့် စပိန်လက်ရွေးစင်စာရင်းမှာ ရွေးချယ်မခံရပါဘူး။ ဒါ့အပြင် စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ် ရှေ့တန်းတိုက်စစ်မှူး တောရက်စ်ကိုလည်း စပိန်နည်းပြ ဒဲလ်ဘော့စကေးက ချန်လှပ်ထားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဘရာဇီးဖွား ကော်စတာဟာ ပရီးမီးယားလိဂ်မှာ ၄၁ ပွဲ ကစားထားပြီး ၁၆ ဂိုးသာ သွင်းယူထားနိုင်ခဲ့သလို တံကောက်ကြောဒဏ်ရာနဲ့လည်း ရုန်းကန်နေရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် ကစားသမားတွေ အမြောက်အမြားကို မလိုချင်ဘူးလို့ ဒဲလ်ဘော့စကေးက ပြောပါတယ်။ လက်ရွေးစင်အသင်းက ပြန်ခေါ်မယ်လို့ သတင်းထွက်နေတဲ့ တောရက်စ်နဲ့ အသက် ၂၈ နှစ်အရွယ် မန်ယူကွင်းလယ်လူ မာတာတို့လည်း စပိန်လက်ရွေးစင်အသင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ဂျာမနီ ဘွန်ဒစ်လီဂါက နောက်ခံလူ ဂျာဗီမာတီနက်ဇ်နဲ့ အာဆင်နယ် အလယ်တန်းလူ ဆန်တီ ကာဇိုလာတို့လည်း စပိန်လူစာရင်းမှာ ချန်လှပ်ခံရပါတယ်။ ဥရောပချန်ပီယံ စပိန်အသင်းဟာ အုပ်စု ဃ မှာ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ တူရကီတို့နဲ့ အတူကျရောက်နေပါတယ်။
5 years Ago
Up