မာတာနေရာ ချဲလ်ဆီးကစားသမား

April 7, 2018

မာတာနေရာ ချဲလ်ဆီးကစားသမား ၀ီလီယံဖြင့် အစားထိုးရန် မော်ရင်ဟို ဆန္ဒရှိ

မန်ယူနည်းပြမော်ရင်ဟိုက ကွင်းလယ်ကစားသမား မာတာကို ရောင်းထုတ်ပြီး ချဲလ်ဆီးကစားသမား ၀ီလီယံနဲ့ အစားထိုးဖို့ ဆန္ဒရှိနေပါတယ်။ ကွင်းလယ် ကစားသမား မာတာဟာ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး နည်းပြမော်ရင်ဟိုရဲ့ ယုံကြည်မှုရဖို့ ခက်ခဲနေတာပါ။ ၂၀၁၄ ခုနှစ်က ချဲလ်ဆီးကနေ ပေါင် ၃၇ သန်းလောက်နဲ့ ၀ယ်ယူခဲ့တဲ့ မာတာဟာ မန်ယူအသင်းအတွက် ပွဲပေါင်း ၁၈၂ ပွဲ ကစားထားပြီး ၃၉ ဂိုး သွင်းယူထားပါတယ်။ ၀ီလီယံနဲ့ မန်ယူအသင်းရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၀ ပြည့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းလည်း တိုးမထားတာကြောင့် မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ချဲလ်ဆီးအသင်းအနေနဲ့ ၀ီလီယံရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၃၀ သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။
3 years Ago
Up