မာတစ်

April 1, 2022

မန်ယူအသင်း၏ အဝတ်လဲခန်းကအခြေအနေ နှစ်သက်စရာမကောင်းကြောင်း မာတစ်ဝန်ခံ

မန်ယူအသင်းသားတွေရဲ့ အဝတ်လဲခန်းထဲက စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး နှစ်သက်စရာမကောင်းကြောင်း ကွင်းလယ်လူမာတစ်က ပြောပါတယ်။ 

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ရလဒ်ပိုင်းဆိုးရွားမှုတွေရှိခဲ့တာကြောင့် အသင်းသားတွေရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေက အကောင်းဆုံးပုံစံမှာရှိမနေကြောင်း မာတစ်ကဝန်ခံစကားဆိုခဲ့တာပါ။ 

အသင်းသားတွေကြားထဲက ဖိအားတွေက ရလဒ်ပိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ရလဒ်ကောင်းရတဲ့ အချိန်တွေမှာတော့ အသင်းသားတွေရဲ့စိတ်ပိုင်းဆိုင်ရာက တိုးတက်မှုတွေရှိတယ်လို့ မာတစ်က ပြောပါတယ်။ 

“အသင်းရဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေက ရလဒ်တွေအပေါ်မှာမူတည်တယ်။ ရလဒ်ကောင်းရရင်တော့ လူတိုင်းက ပျော်ရွှင်ကြလို့  စိတ်ပိုင်းဆိုင်ရာမှာပိုပြီးကောင်းမွန်လာတယ်။ အသင်းရဲ့ရပ်တည်မှု အခြေအနေက အကောင်းဆုံးနေရာမှာမဟုတ်တာကြောင့် အသင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကလည်း နှစ်သက်စရာအခြေအနေတော့မဟုတ်ပါဘူး။ဒါပေမယ့် ကျနော်တို့ဟာ အဆင့် ၄ နေရာကို ရယူချင် တာကြောင့် ရာသီကုန်ဆုံးချိန်အထိ အကောင်းမြင်စိတ်ဓာတ်နဲ့ ယုံကြည်မှုရှိရှိ ဆက်သွားရပါမယ်” လို့ မာတစ်က ပြောပါတယ်။ 

ရာသီကုန်ဆုံးချိန်မှာ အဆင့် ၄ အတွင်းမဝင်ခဲ့ရင်တော့ ဝမ်းနည်းစရာ ကောင်းမယ်လို့ မာတစ်က  talkSPORT နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

8 months Ago

December 26, 2020

မန်ယူအသင်းနှင့် ချန်ပီယံ ဖြစ်ချင်ကြောင်း မာတစ် ပြော

ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ရယူခဲ့ပြီးနောက် မန်ယူနဲ့အတူလည်း ချန်ပီယံ ဖြစ်ချင်ကြောင်း ကွင်းလယ်လူ မာတစ်က ပြောပါတယ်။  ဆားဘီးယား ကွင်းလယ်လူ မာတစ်ဟာ ချဲလ်ဆီးအသင်းမှာ ကစားစဉ်က ၂၀၁၅ နဲ့ ၂၀၁၇ ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားတွေ ရယူနိုင်ခဲ့တာပါ။ ချဲလ်ဆီးနဲ့အတူ ချန်ပီယံ ၂ ကြိမ်ရခဲ့ဖူးတာကြောင့် မန်ယူနိုက်တက်အသင်းနဲ့အတူလည်း ချန်ပီယံဆုဖလား ရယူနိုင်ဖို့က အိပ်မက်တစ်ခု ဖြစ်တယ်လို့ မာတစ်က ပြောပါတယ်။  ထိပ်တန်းအဆင့်မှာ နောက်ထပ် ၄-၅ နှစ် ဆက်ကစားနိုင်သေးပြီး မန်ယူနိုက်တက်အသင်းမှာလည်း ဆုဖလားရယူနိုင်ဖို့ အခွင့်အရေးတွေရှိနေတယ်လို့ မာတစ်က ပြောပါတယ်။
2 years Ago
More News
Up