မာတစ်ကို မန်ယူအသင်းက ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူ

July 31, 2017

မာတစ်ကို မန်ယူအသင်းက ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူ

မန်ယူအသင်းဟာ ချဲလ်ဆီးကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူလိုက်ပါတယ်။ ဆားဘီးယားလက်ရွေးစင် မာတစ်ဟာ မန်ယူအသင်းနဲ့ ဇူလိုင် ၃၀ ရက်နေ့က ဆေးစစ်မှုခံရခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ခံစစ်နေရာအတွက် မိုနာကိုအသင်းက ဘာကာရိုကို ကို ခေါ်ယူထားတာကြောင့် မာတစ်ကို လက်လွှတ်လိုက်တာပါ။ အသက် ၂၉ နှစ်ရှိ မာတစ်အနေနဲ့ မန်ယူအသင်းမှာ ကျောနံပါတ် ၃၁ ၀တ်ဆင်မှာဖြစ်ပြီး မန်ယူဂျာစီနဲ့ ဓာတ်ပုံတပုံလည်း ထွက်ပေါ်လာပါတယ်။ မာတစ်ရောက်ရှိလာတာကြောင့် မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမားတဦးဖြစ်တဲ့ ဖယ် လိုင်နီကို တူရကီကလပ်ဂါလာတာစာရေးအသင်းက ကမ်းလှမ်းခဲ့ပေမယ့် အသင်းအတွက် အရေးပါတဲ့ ကစာသမားဖြစ်လို့ ရောင်းချမှာမဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
4 years Ago
Up