မာတင်စ်

July 27, 2018

ပေါ်တူဂီ တောင်ပံကစားသမား မာတင်စ် အက်သလက်တီကိုမက်ဒရစ်သို့ ပြောင်းရွှေ့

ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်း တောင်ပံကစားသမား ဂယ်ဆန် မာတင်စ်ကို စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်း နည်းပြ ဆီမြွန်နီကတော့ သူ့ကို ခေါ်ယူနိုင်တဲ့အတွက် အသင်း ညာတောင်ပံမှာ တိုက်စစ်အား ပိုကောင်းလာမှာဖြစ်တယ်လို့ ပြောပါတယ်။ တီကိုအသင်းဟာ အသက် ၂၃ နှစ်အရွယ် မာတင်စ်ကို ၆ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ ပေါ်တူဂီလက်ရွေးစင် တောင်ပံကစားသမား မာတင်စ်ဟာ ဒီရာသီ တီကိုအသင်းကနေ ၅ ယောက်မြောက် ခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ ပေါ်တူဂီအသင်းအတွက် ၁၉ ပွဲ ကစားပေးထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းမှာ ပွဲထွက်ကစားခွင့် ရထားပါတယ်။
5 years Ago
Up