မာဆယ်လို

A d v e r t i s e m e n t With Us

July 12, 2020

မာဆယ်လို ပေါင်ခြံဒဏ်ရာကြောင့် လက်ကျန်လာလီဂါပွဲစဉ်များ လွဲချော်မည်

ရီးရဲလ်မက်ဒရစ် နောက်ခံလူ မာဆယ်လိုဟာ ဒဏ်ရာကြောင့် လာလီဂါ လက်ကျန်ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။  အသက် ၃၂ နှစ်ရှိ ညာနောက်ခံလူ မယ်ဆယ်လိုဟာ ပေါင်ခြံဒဏ်ရာ ရခဲ့တာကြောင့် ၃ ပတ်လောက် အနားယူရမယ်လို့ ရီးရဲလ်အသင်းက ဇူလိုင် ၁၀ ရက်မှာ တရားဝင်သတင်း ထုတ်ပြန်ခဲ့တာပါ။  မာဆယ်လိုဟာ အလာဗက်စ်ကို အနိုင်ရခဲ့တဲ့ သောကြာနေ့က ပွဲစဉ်ကတည်းက ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တာပါ။  ဂရန်နာဒါ၊ ဗီလာရီးယဲလ်နဲ့ လီဟီနက်ဇ်အသင်းတွေနဲ့ ပွဲစဉ်တွေမှာလည်း ဆက်လက်လွဲချော်မှာ ဖြစ်ပါတယ်။ မယ်ဆယ်လိုအနေနဲ့ မန်စီးတီးအသင်းနဲ့ သြဂုတ် ၇ ရက်မှာ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာတော့ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။  ရီးရဲလ်အသင်းဟာ ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပါတယ်။
7 months Ago

November 20, 2019

ရီးရဲလ်နောက်ခံလူ မန်ဒီက မာဆယ်လိုကဲ့သို့ အောင်မြင်အောင် ကြိုးစားမည်ဟု ကတိပေး

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်နောက်ခံလူ ဖာလန်းဒ်မန်ဒီက သူ့အနေနဲ့ မာဆယ်လိုလို အောင်မြင်အောင် ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။  အသက် ၂၄ နှစ်အရွယ် မန်ဒီကို ပြီးခဲ့တဲ့ ဇွန်လက လိုင်ယွန်အသင်းကနေ ပေါင် ၄၉ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ၆ နှစ်ကြာ သက်တမ်းရှည်စာချုပ် ချုပ်ဆိုထားပြီးတော့ မန်ဒီရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ နည်းပြ ဇီဒန်းကလည်း အပြည့်အဝ ယုံကြည်ထားတယ်လို့ သိရပါတယ်။  မန်ဒီဟာ အသင်းရောက်ရှိချိန်ကစလို့ ၆ ပွဲထိ ပါဝင်ကစားထားရပေမယ့် နည်းပြရဲ့ စိတ်ကြိုက် ဘယ်နောက်ခံလူကတော့ မာဆယ်လိုပဲ ဖြစ်‌နေပါတယ်။  အသက် ၃၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မာဆယ်လိုကတော့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၄၉၄ ပွဲအထိ ကစားပေးထားခဲ့ပြီး ဆုဖလားပေါင်း များစွာ ရယူထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
1 year Ago
Up