မာဆယ်လို

July 5, 2018

ကော်စတာ၊ မာဆယ်လိုတို့ ဘရာဇီးအသင်းနှင့် လေ့ကျင့်ခန်း ပြန်ဆင်း

ဘရာဇီးအသင်းရဲ့ တောင်ပံကစားသမား ဒေါက်ကလပ် ကော်စတာနဲ့ နောက်တန်းကစားသမား မာဆယ်လိုတို့ အသင်းနဲ့အတူ မနေ့က လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့ပါတယ်။ ကွင်းလယ်လူ ဒေါက်ကလပ် ကော်စတာဟာ ကော်စတာရီကာနဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာပါ။ အဲဒီဒဏ်ရာကြောင့် နောက်ဆုံးနှစ်ပွဲဖြစ်တဲ့ ဆားဘီးယားနဲ့ မက္ကဆီကို ပွဲစဉ်တွေမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ နောက်တန်းကစားသမား မာဆယ်လိုကတော့ နောက်ကြောဒဏ်ရာကြောင့် မက္ကဆီကိုနဲ့ ပွဲစဉ်မှာ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ လောလောဆယ်မှာတော့ ဒေါက်ကလပ် ကော်စတာနဲ့ မာဆယ်လိုတို့ နှစ်ယောက်စလုံး ဘယ်လ်ဂျီယံနဲ့ကစားမယ့် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနေပြီ ဖြစ်ပါတယ်။
4 years Ago

September 7, 2015

နေမာနှင့် မာဆယ်လိုတို့၏ ဘောလုံးစွမ်းရည် (ရုပ်သံ)

ဘရာဇီးလက်ရွေးစင်တွေဖြစ်တဲ့ နေမာနဲ့ မာဆယ်လိုတို့ ကွင်းအတွင်း လေ့ကျင့်ခန်းဆင်းရာမှာ ဘောလုံးကို လိုသလို ထိန်းသိမ်းနိုင်တဲ့ အရည်အသွေးတွေကို ပြသခဲ့ပါတယ်။ ခေါင်းနဲ့ ဘောလုံးကို လိုသလို ထိန်းသိမ်းနိုင်သလို ခြေထောက်နဲ့လည်း ဘောလုံးကို လိုချင်တဲ့ ပုံစံအနေအထား ရအောင် ဖန်တီးနိုင်တဲ့ သူတို့ရဲ့ အရည်အသွေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ စပိန် ထိပ်သီးကလပ် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ပြိုင်ဘက်အသင်း အသီးသီးမှာ ကစားနေပေမယ့် နိုင်ငံအတွက် ကစားပေးဖို့ အတူလေ့ကျင့်နေတာ ဖြစ်ပါတယ်။
6 years Ago
Up