မာကိုရူးစ်

June 1, 2016

ယူရို ၂၀၁၆ ပြိုင်ပွဲဝင်မည့် ဂျာမနီလက်ရွေးစင်အသင်းတွင် တိုက်စစ်မှူး မာကိုရူးစ် မပါဝင်

ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် ရွေးချယ်လိုက်တဲ့ ဂျာမနီလက်ရွေးစင်အသင်း ၂၃ ဦး စာရင်းမှာ တိုက်စစ်မှူး မာကိုရူးစ် ဒဏ်ရာကြောင့် ပါဝင်လာခြင်း မရှိပါဘူး။ ဒါပေမယ့် ဒဏ်ရာရရှိနေတဲ့ မန်ယူ ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါတော့ လက်ရွေးစင် လူစာရင်းမှာ ပါဝင်လာပါတယ်။ အသက် ၂၇ နှစ်အရွယ် ဒေါ့မွန်တိုက်စစ်မှူး မာကိုရူးစ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ ဆေးအဖွဲ့ဆီကနေ ထောက်ခံချက် မရတဲ့အတွက် မရွေးတာလို့ ဂျာမန်နည်းပြက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါမှာလည်း ဒူးဒဏ်ရာရှိနေသလို ပြီးခဲ့တဲ့ မတ်လကတည်းက ကစားနိုင်ခြင်း မရှိသေးပါဘူး။ ဂျာမန်လူစာရင်းမှာ လီဗာပူး ကွင်းလယ်ကစားသမား အမ်ရီကန်၊ အာဆင်နယ်က အိုဇေးတို့လည်း ရွေးချယ်ခံထားရပါတယ်။
6 years Ago
Up