မာကီအွန်

May 5, 2018

အိုဇေးလ် အာဆင်နယ်အင်္ကျီဝတ်ရန် မထိုက်တန်ဟု မာကီအွန် ပြော

  အက်သလက်တီကိုနဲ့ပွဲက အိုဇေးလ်ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး အာဆင်နယ်အင်္ကျီဝတ်ဖို့ မထိုက်တန်ဘူးလို့ အာဆင်နယ်ကစားသမားဟောင်း မာကီအွန်က ဝေဖန်လိုက်ပါတယ်။ အသက် ၅၁ နှစ်ရှိ အာဆင်နယ်နဲ့ အင်္ဂလန်နောက်တန်းကစာသမားဟောင်း ကီအွန်ဟာ ၁၁ နှစ်လောက်ကစားပြီး အောင်မြင်မှုတွေရယူ နိုင်ခဲ့သူပါ။ နည်းပြ အာစင်ဝင်းဂါးဟာ အိုဇေးလ်အတွက် ငွေကြေးမြောက်မြားစွားသုံးပြီး စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် မျှော်လင့်ထားသလောက် ခြေစွမ်းတက်မလာဘူးလို့ မာတီကီအွန်က ဝေဖန်ပါတယ်။ ဒါ့အပြင် ပွဲအပြီးမှာ  အိုဇေးလ်အနေနဲ့ ဟန်ဆောင်မျက်ရည်ကျခဲ့တယ်လို့ ကီအွန်ကပြစ်တင်ခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံအသင်းက ကစားသမားတဦးရဲ့ အဆင့်ကို မပြသနိုင်ခဲ့ဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။ မန်ယူကစားသမားဟောင်း ရွိုင်ကိန်းကလည်း အာဆင်နယ်အသင်းဟာ ယုံကြည်မူနဲ့ ဦးဆောင်ကစားမယ့် ကစာသးမား ပျောက်ဆုံးနေပြီး နည်းပြ အာစင်ဝင်းဂါးကတော့ အခုထက်ပို ကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်တဲ့ နည်းပြဖြစ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
3 years Ago
Up