ပရီးမီးယားလိဂ် အဲဗာတန်အသင်း မန်နေဂျာ မာကိုဆေးဗားကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
နည်းပြ ဆေးဗားဟာ အဲဗာတန်မှာ ၁၈ လကြာ ကိုင်တွယ်အပြီး အထုတ်ခံရတာပါ။
အဲဗာတန်အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေပြီး တန်းဆင်းဇုံထဲက အဆင့် ၁၈ ကို ရောက်ရှိနေပါတယ်။
နောက်ဆုံး ကစားထားတဲ့ပွဲစဉ်မှာ အဲဗာတန်ဟာ လီဗာပူးကို ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။
နည်းပြ ဆေးဗားဟာ အဲဗာတန်ကို ကိုင်တွယ်တဲ့ ပွဲပေါင်း ၅၃ မှာ ၁၉ ပွဲနိုင်၊ ၂၃ ပွဲရှုံးပြီး ၁၁ ပွဲ သရေကျထားပါတယ်။
3 years Ago