မအူပင်တက္ကသိုလ်

May 26, 2021

မအူပင်တက္ကသိုလ် ဆရာ ဆရာမ ၁၃၇ ဦးကို အကြမ်းဖက်စစ်အုပ်စုက အလုပ်ထုတ်

ဧရာဝတီတိုင်း မအူပင်တက္ကသိုလ်မှ အရာထမ်း၊ အမှုထမ်း ၁၃၇ ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း မေလ ၂၀ ရက်နေ့မှာ မအူပင်တက္ကသိုလ်ပါမောက္ခချုပ်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာနက ဝန်ထမ်းတွေဟာ အကြောင်းပြချက်မရှိခွင့်မဲ့ ပျက်ကွက်တာ၊ ထုတ်ပြန်ထားတဲ့ အမိန့်ညွန်ကြားချက်တွေလိုက်နာဖို့ ပျက်ကွက်တာကြောင့် မေလ ၃ ရက်ကစပြီး  ရာထူးမှထုတ်ပယ်  Removal ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြစ်ဒဏ်ကို မကျေနပ်ပါက အမိန့်ကြေညာတဲ့နေ့ကနေ   ၆ လအတွင်း အယူခံတင်နိုင်တယ်လို့လည်းဆိုပါတယ်။

မအူပင်တက္ကသိုလ်မှ ဆရာဆရာမတွေ၊ ရုံးဝန်ထမ်းတွေဟာ အာဏာဖီဆန် CDM လှုပ်ရှားမှုကို ဖေဖော်ဝါရီလကတည်းက  ဆောက်ရွက်ခဲ့တာဖြစ်ပါတယ်။

ရာထူးမှထုတ်ပယ်ခံရသူတွေထဲမှာ ပါမောက္ခတွေ၊ တွဲဘက်ပါ‌မောက္ခတွေ၊ ကထိကတွေ၊ လက်ထောက်ကထိကတွေနဲ့ နည်းပြတွေအပါအဝင်  စုစုပေါင်း ၁၃၇ ယောက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က နိုင်ငံတဝန်း တက္ကသိုလ် ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေကို အလုပ်မှယာယီရပ်ဆိုင်းကြောင်းထုတ်ပြန်ခဲ့ကြပြီး အခု မေလ ၂၀ ရက်နေ့မှာတော့ အလုပ်မှထုတ်ပယ်ကြောင်း  ထုတ်ပြန်နေတာဖြစ်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဟာ မေလအတွင်း တက္ကသိုလ်တွေပြန်ဖွင့်လှစ်ခဲ့ပေမဲ့ ကျောင်းသားနဲ့ ဆရာအများစုက  ကျောင်းမတက်ဘဲ  အာဏာဖီဆန် လှုပ်ရှားမှု ဆက်လက်ပြုလုပ်နေပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြပါတယ်။

6 months Ago

May 7, 2021

ပြည်သူဘက်က ရပ်တည်ခဲ့သည့် မအူပင်တက္ကသိုလ် ဆရာဆရာမ ၁၄၀ နီးပါး တာဝန်မှ ရပ်ဆိုင်း ခံရ

ဧရာဝတီတိုင်း မအူပင်တက္ကသိုလ်က ပါမောက္ခတွေအပါအဝင်  အရာထမ်းဆရာဆရာမတွေ အမှုထမ်းတွေ စုစုပေါင်း ပညာရေးဝန်ထမ်း  ၁၃၉ ဦးကို အာဏာသိမ်း စစ်ကောင်စီက တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

မအူပင်တက္ကသိုလ်က CDM ပြုလုပ်နေကြတဲ့ ပါမောက္ခတွေ အပါအဝင် အရာထမ်း ဆရာ၊ဆရာမ ၁၂၉ ဦးနဲ့ နည်းပြနဲ့ သရုပ်ပြအမှုထမ်း ဆရာ၊ ဆရာမ ၈ဦးတို့ကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့  စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ဩဇာခံ မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးက မေလ ၆ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။

အဆိုပါ ဆရာဆရာမတွေဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ တာဝန်ချိန်ပျက်ကွက်ခြင်းတွေကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွေအရ တာဝန်ကနေ ယာယီရပ်ဆိုင်းတယ်လို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့တာပါ။

7 months Ago
Up