မအူပင်

May 31, 2021

မအူပင်မြို့ အထက ၁ အထက်တန်းကျောင်းဝင်းထဲ ဗုံးကွဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ မေလ ၃၁ ရက်နေ့က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းဝင်းထဲမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒီမနက် ၆ နာရီကျော်လောက်မှာ ကျောင်းဝင်းထဲကနေ ဗုံးထပေါက်ကွဲတာဖြစ်လို့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကျောင်းဝင်းထဲကို မနက် ၁၀ နာရီလောက်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ လာရောက်စစ်ဆေးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဗုံးပေါက်ကွဲခဲ့တဲ့ ကျောင်းနဲ့ အနီးဝန်းကျင်ကို လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။

မအူပင်မြို့မှာ အခု မေလအတွင်း  ပေါက်ကွဲမှု ၄ ကြိမ်ထိရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 weeks Ago

May 23, 2021

မအူပင်မြို့တွင် အထက ၁ ကျောင်းအတွင်းနှင့် စည်ပင်ရုံးရှေ့ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မေလ ၂၃ ရက်နေ့ ညပိုင်းက အထက ၁ ကျောင်းဝန်းအတွင်းနဲ့ စည်ပင်ရုံးရှေ့မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ည ၇ နာရီကျော်လောက်မှာ အထက ၁ ကျောင်းဝန်းအတွင်း ပေါက်ကွဲသံကြားခဲ့ရပြီး ၇ နာရီခွဲကျော်လောက်မှာ စည်ပင်ရုံးရှေ့ ထပ်ပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်ရှိစစ်ဆေးနေပြီး မြို့ပေါ်လုံခြုံရေးလည်း တင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

မအူပင်မြို့မှာ မေလ ၂၃ ရက်နေ့ညပိုင်း ပေါက်ကွဲမှုဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

4 weeks Ago
More News
Up