မဟာအောင်မြေမြို့နယ်တွင်

A d v e r t i s e m e n t With Us

February 24, 2017

မဟာအောင်မြေမြို့နယ်တွင် တိတ်ဖြင့်ပတ်ထားသည့် ကျောင်းသားအလောင်း တွေ့ရှိ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အကွက် ၃၄၁၊ စိန်ပန်းရပ်ကွက် တာရိမ်းလမ်း၊ သမ္မတကိတ်မုန့်တိုက်လမ်းကြားမှာရှိတဲ့ နေအိမ်တစ်ခုမှာ တိတ်နဲ့ပတ်ပြီး ကြွတ်ကြွတ်အိတ်နဲ့ ထုတ်ထားတဲ့ တက္ကသိုလ်ကျောင်းသား အလောင်းတစ်လောင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီလောက်က တွေ့ရှိခဲ့ပါတယ်။ အခန်းတခုကို လွန်ခဲ့တဲ့သုံးလလောက်ကစပြီး အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်ကျောင်းသားနှစ်ယောက် အတူနေထိုင်ခဲ့ကြတယ်လို့ အခင်းဖြစ်တဲ့အိမ်မှာ အိမ်ငှားနေထိုင်တဲ့ ကိုမောင်အေးက ပြောပါတယ်။ သေဆုံးသူရဲ့ ဦးလေးဖြစ်သူ လာရောက်ရှာဖွေရာကနေ အခုလို သေဆုံးလျက် အနေအထားတွေ့ရှိခဲ့တာပါ။ သေဆုံးသူဟာ မောင်အိမ်သူမောင်ဖြစ်ပြီး ရတနာပုံတက္ကသိုလ် ဒသနိက ပထမနှစ်တက်ရောက်နေတယ်လို့ သိရပါတယ်။ အတူနေသူကို အမှတ်(၇) နယ်မြေရဲစခန်းမှာ စစ်ဆေးနေပြီး သံသယအဆင့်ပဲ ရှိသေးတယ်လို့ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင်က ပြောပါတယ်။ အလောင်းကိုတော့ ဆေးရုံကြီး ပို့ဆောင်ပြီး ဒဏ်ရာရှိမရှိစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ
4 years Ago

November 20, 2016

မဟာအောင်မြေမြို့နယ်တွင် မီးလောင်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အကွက် ၃၅၂ သူရဲကျော်ရပ်ကွက်က နေအိမ်တလုံးမှာ ဒီနေ့ မနက် ၇ နာရီ ၂၀ မိနစ်က မီးလောင်ကျွမ်းခဲ့ပါတယ်။ မန္တလေးမြို့ မီးသတ်ကားစီး ၂၀ ကျော် လာရောက်ငြှိမ်းသတ်ခဲ့ပြီး ၇ နာရီ ၄၅ မိနစ်မှာ ငြှိမ်းသတ်ခဲ့ပါတယ်။ အိမ်နှစ်လုံးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ဆယ့်သုံးသိန်းငါးသောင်း ရှိတယ်လို့ သိရပါတယ်။ ဓာတ်ပုံ-အောင်အောင်
4 years Ago
Up