မဟာအောင်မြေ

August 29, 2021

မဟာအောင်မြေမြို့နယ် ကြံ့ခိုင်‌ရေးပါတီရုံး ဗုံးပေါက်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ လမ်း ၉၀ မှာရှိတဲ့ မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးမှာ ဩဂုတ် ၂၉ ရက် ညနေ ၅ နာရီဝန်းကျင်က လက်လုပ်ဗုံးပေါက်ကွဲမှုခဲ့ပါတယ်။

လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ပါတီရုံးအဆောက်အအုံ မျက်နှာကြက် ပြိုကျပျက်စီးခဲ့ပေမယ့် လူထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေရောက်လာပြီး စစ်ဆေးတာနဲ့ အနီးပတ်ဝန်းကျင်မှာ လှည့်ပတ်ရှာဖွေတာတွေ လုပ်ခဲ့ကြပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၄ ရပ်ကွက် ၆၂ လမ်း၊ ၁၁၂ လမ်းနဲ့ ၁၁၃ လမ်းကြား သစ်​တောရုံး​ရှေ့က စစ်ဆေးရေးဂိတ်မှာလည်း ဩဂုတ် ၂၉ ရက် မနက် ၁၀ နာရီကျော်က လက်လုပ်မိုင်း ပေါက်ကွဲခဲ့ပါတယ်။

3 months Ago

April 29, 2021

မန္တလေး မဟာအောင်မြေမြို့နယ်တွင် မီးလောင်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်မှာ ဧပြီ ၂၉ ရက် မနက် ၁၁ နာရီခွဲလောက်က  မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

ရဲမွန်တောင်ရပ်ကွက်၊ အကွက်အမှတ် (၁၀)၊ ဦးပိုင်အမှတ် (၈၆-က)၊ ၃၉-E လမ်း၊ ၅၆လမ်း နဲ့ ၅၇လမ်းကြားရှိ ဦးခင်မောင်ထွန်းရဲ့ နေအိမ်မှာ ရေခဲသေတ္တာ အပူလွန်ကဲပြီး အနီးရှိ ထရံမှတစ်ဆင့် မီးကူးစက် လောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့တာပါ။

မီးလောင်ရာသို့ တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မနက် ၁၁နာရီ ၃၇မိနစ်မှာ မီးလုံးဝငြိမ်းသွားခဲ့ပါတယ်။ 

မီးလောင်မှုကြောင့် သွပ်မိုး၊ ထံရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည် တစ်လုံးနဲ့ ရေခဲသေတ္တာ တစ်လုံး စုစုပေါင်း ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ကျပ်  ၃၀၀၀၀၀  လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

7 months Ago
More News
Up