မဟာသီယာမိုဟာမက်

May 14, 2018

မမှန်သတင်းဆန့်ကျင်ရေး ဥပဒေအကြောင်း ပြည်သူကို ရှင်းပြမည်ဟု မလေးဝန်ကြီးချုပ်ပြော

အရင်အစိုးရပြဋ္ဌာန်းခဲ့တဲ့ “မမှန်သတင်းဆန့်ကျင်ရေးဥပဒေ” ကို မီဒီယာနဲ့ ပြည်သူတွေ ရှင်းရှင်းလင်းလင်းသိစေဖို့ သင့်လျော်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ပေးသွားမယ်လို့ မလေးရှားဝန်ကြီးချုပ်သစ် မဟာသီယာ မိုဟာမက်က မေ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ မိမိတို့အနေနဲ့ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံပေမယ့် စည်းနဲ့ဘောင်တော့ ရှိတယ်လို့ မဟာသီယာက ဆိုပါတယ်။ “မမှန်သတင်းဆန့်ကျင်ရေးဥပဒေ” ကို ပြန်ပြင်ဖို့ရှိပေမယ့် ဖျက်သိမ်းမှာ မဟုတ်ဘူးလို့လည်း မဟာသီယာက ဆိုပါတယ်။ အဲဒီဥပဒေ ဖျက်သိမ်းရေးဟာ မဟာသီယာ မဲဆွယ်စည်းရုံးရေးကာလမှာ ပေးခဲ့တဲ့ ကတိတွေထဲကတခု ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ဟာ ၂၀၁၈ ခုနှစ်ထဲမှာ ရေးဆွဲခဲ့တဲ့ မမှန်သတင်းဆန့်ကျင်ရေးဥပဒေကို ပြီးခဲ့တဲ့လကမှ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
3 years Ago

May 11, 2018

မလေးရှားဝန်ကြီးချုပ်အဖြစ် မဟာသီယာမိုဟာမက် ကျမ်းကျိန်

မဟာသီယာ မိုဟာမက်ဟာ မလေးရှားနိုင်ငံရဲ့ သတ္တမမြောက် ဝန်ကြီးချုပ်အဖြစ် မေလ ၁၀ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အဲဒီကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို မလေးရှား စည်းမျဉ်းခံဘုရင် ပဉ္စမမြောက် ဆူလ်တန်မိုဟာမက် တက်ရောက်ခဲ့ပြီး နိုင်ငံပိုင်ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။ မဟာသီယာဟာ မလေးရှားနိုင်ငံကို ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် ရာထူးကနေ အနားယူခဲ့ပြီး အခုတခေါက် ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကို အနိုင်ယူပြီး အာဏာပြန်ယူဖို့ နိုင်ငံရေးလောကကို တဖန်ပြန်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up