မဟာသီယာ

May 21, 2020

ဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်ကို ဖြုတ်ချမည်ဟု မဟာသီယာ ကြွေးကြော်

မလေးရှားဝါရင့်နိုင်ငံရေးသမားကြီး ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမတ်က သူ့အနေနဲ့ လက်ရှိဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်ကို ဖြုတ်ချဖို့ နည်းလမ်းမှန်သမျှ ရှာဖွေသွားမယ်လို့ ပြောလိုက်ပါတယ်။ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ မဟာသီယာဟာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကမှ ဝန်ကြီးချုပ်ရာထူးက ဆင်းပေးခဲ့ပါတယ်။  ဒါပေမဲ့ သူက သက်တမ်းနှစ်လခွဲသာရှိသေးတဲ့ ဝန်ကြီးချုပ်ယက်ဆင်ရဲ့ UMNO ပါတီနဲ့ ညွှန့်ပေါင်းဖွဲ့ထားတဲ့အစိုးရကို ဝေဖန်ပါတယ်။ မလေးရှားအစိုးရဟာ ဒီအပတ်အစောပိုင်းမှာပဲ မဟာသီယာက တင်သွင်းတဲ့ အယုံအကြည်မ ရှိ အဆိုကို ရှောင်ရှားခဲ့ပြီး ပါလီမန်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ စီးပွားရေးကျဆင်းမှုကို ကုစားဖို့ လိုတယ်လို့ အကြောင်းပြခဲ့ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ အများအပြားရှိတဲ့ မလေးရှားဟာ မေလ ၂၁ ရက်အထိ COVID-19 အတည်ပြုလူနာ ၇၀၀၀ ကျော်ရှိပြီး ပြန်ကောင်းလာသူက ၅၇၀၀ ကျော်ရှိထားတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြထားပါတယ်။ 
2 years Ago

February 27, 2020

နိုင်ငံရေးပါတီများနှင့် မဟာမိတ်မဖွဲ့ထားသည့် အစိုးရတရပ် ဖွဲ့လိုဟု မဟာသီယာပြော

မလေးရှားကြားဖြတ်ဝန်ကြီးချုပ် မဟာသီယာက သူသာ ပါလီမန်ထောက်ခံမှုရရင်  အချိန်ပြည့် ဝန်ကြီးချုပ်အဖြစ်ပြန်လာပြီး ဘယ်နိုင်ငံရေးပါတီနဲ့မှ မဟာမိတ်ဖွဲ့မထားတဲ့  အစိုးရတရပ် ဖွဲ့စည်းလိုတယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။  ဒါ့အပြင် ဖေဖော်ဝါရီ ၂၄ ရက် ရာထူးကနေ ရုတ်တရက် နုတ်ထွက်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေအတွက် မဟာသီယာက တောင်းပန်လိုက်ပါတယ်။  နိုင်ငံကိုပြောတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ မဟာသီယာက နိုင်ငံ့အကျိုးစီးပွား တခုတည်းကိုပဲ ဦးစားပေးတဲ့ အစိုးရတရပ်ကို ဖွဲ့စည်းလိုတယ်လို့ ပြောပါတယ်။  ဖေဖော်ဝါရီ ၂၆ ရက်မှာပဲ အန်ဝါအီဘရာဟင်က အာဏာရညွန့်ပေါင်းအဖွဲ့ရဲ့ ပါတီသုံးခုဟာ သူ့ကို ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ပက်ခါတန်ဟာရာပန်ညွန့်ပေါင်းအဖွဲ့ဟာ လျှို့ဝှက်အစိုးရအဖွဲ့ ဖွဲ့စည်းမယ့် ဘယ်လို ကြိုးပမ်းချက်ကိုမှ သဘောမတူဘူးလို့ အန်ဝါ အီဘရာဟင်က သတင်းထောက်တွေကို ပြောပါတယ်။  ဖေဖော်ဝါရီ ၂၅ ရက်က အဓိကနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့လုပ်တဲ့ အစည်းအဝေးမှာ  မဟာသီယာက ညွန့်ပေါင်းအစိုးရဖွဲ့ရေးကို အဆိုပြုခဲ့ပါတယ်။  အဲဒီအဓိက နိုင်ငံရေးပါတီတွေထဲမှာ မဟာသီယာရဲ့ တချိန်က ပြိုင်ဘက်နဲ့ မဟာမိတ်တဦး ဖြစ်တဲ့ အီဘရာဟင်နဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံရေးပါတီ ၄  ခုပါဝင်ပါတယ်။  ညွန့်ပေါင်းအစိုးရအဖွဲ့ဟာ မဟာသီယာကို အရင်တုန်းကထက် ပိုကြီးမားတဲ့ အခွင့်အာဏာ ပေးနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
More News
Up