မဟာမြတ်မုနိဘုရားကြီး

June 29, 2021

သီပေါမဟာမြတ်မုနိဘုရားကြီး ဇွန် ၃၀ ရက်ကစပြီး ခေတ္တပိတ်

ကိုဗစ်-၁၉ ရောဂါကူးစက်လူနာ တိုးပွားလာနေတာကြောင့် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရဲ့ သာသနာ့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးကို ဇွန် ၃၀ ရက်ကစပြီး ခေတ္တပိတ်ထားမှာဖြစ်ပါတယ်။

သီပေါမဟာမြတ်မုနိဘုရားကြီး ခေတ္တပိတ်မယ့်အပြင် ရေကန်တော် (ငါးကန်) ကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။

သီပေါမဟာမြတ်မုနိဘုရားကြီးဟာ သီပေါမြို့ရဲ့ တောင်ဘက်ကုန်းမြင့် သာသနဝတ္တက မြေတော်မှာ တည်ထားတာပါ။ 

သီပေါမြို့နယ်မှာ ဇွန် ၂၉ ရက် မနက်ပိုင်းထိ ကိုဗစ်ပိုးတွေ့ရှိမှု အယောက် ၄၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။

Photo - သီပေါသီတဂူ

7 months Ago
Up