မဟာမင်းကြီး

May 20, 2019

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး စစ်တွေမြို့ ရောက်ရှိ (ဓာတ်ပုံ)

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi နဲ့အဖွဲ့ဟာ ဒီကနေ့ နေ့လယ်ပိုင်းက အမျိုးသားလေကြောင်းလိုင်းနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။ သူတို့ဟာ ရောက်ရောက်ချင်းမှာ ပဲစစ်တွေ လေဆိပ်ခန်းမဆောင်မှာ ခဏနားပြီးနောက် စစ်တွေသင်္ဘောဆိပ်ကိုသွားရောက် အမြန်ရေယာဉ်နဲ့ ဘူးသီးတောင်ကို ထွက်ခွာသွားပါတယ်။ Mr.Filippo Grandi ဘူးသီးတောင်မြို့နယ်က မူဆလင်ဒုက္ခသည် ပြန်လည်လက်ခံရေး စခန်းအချို့ကို သွားရောက်မှာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မောင်တောမြို့နယ်က ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်မယ်လို့လည်း သိရပါတယ်။ Mr.Filippo Grandi ရဲ့ ဘူးသီးတောင်နဲ့ မောင်တောခရီးစဉ်ဟာ ၂ ရက်ကြာမြင့်မယ်လို့ သိရပြီး အဲဒီနောက်တော့ စစ်တွေမြို့ ဘာဆာရွာ၊ ဒါးပိုင် စတဲ့ မွတ်စလင်ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်မှာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi ဦးဆောင်းတဲ့ အဖွဲ့ဟာ ၂၀၁၇ ဇူလိုင်၂ ရက်ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး ပြည်နယ်အစိုးရနဲ့တွေ့ဆုံခဲ့သလို မွတ်စလင် ကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို
2 years Ago

August 12, 2018

ချီလီသမ္မတဟောင်းကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

ချီလီသမ္မတဟောင်း မီဆယ်ဘာချဲလက်ကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ခန့်အပ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက သြဂုတ် ၁ဝ ရက်နေ့မှာ သဘောတူခဲ့ပါတယ်။ မီဆယ်ဘာချဲလက်ဟာ ချီလီရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်ခဲ့သလို ပထမဆုံး အမျိုးသမီး လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဖြစ်လာမှာပါ။ မီဆယ်ကိုယ်တိုင်ဟာ အာဏာရှင် ပီနိုချေး လက်ထက်က လူ့အခွင့်အရေး ချိုးဖောက်မှုရဲ့ သားကောင် ဖြစ်ခဲ့ဖူးပါတယ်။ မီဆယ်ကို အခုလို ရွေးချယ်ခန့်အပ်မှုကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဒီသီတင်းပတ်အတွင်းကြေညာခဲ့ပါတယ်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီခန့်အပ်မှုကို အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြိး ဇေယက်ရာအက်အယ်ဟူစိန်နေရာမှာ  မီဆယ်ဘာချဲလက်ကို အစားထိုးမယ်လို့ ဗွီအိုအေ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up