မသွယ်​ဇင်​ငြိမ်း

October 20, 2018

မသွယ်​ဇင်​ငြိမ်းအတွက် ဝမ်းနည်း​ကြောင်း ကရုဏာစာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့

နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​က ​လေယာဉ်​စထိမှန်​ပြီး ​သေဆုံးခဲ့တဲ့ မသွယ်​ဇင်​ငြိမ်းရဲ့မိဘတွေထံ ​အောက်​တိုဘာလ ၁၈ ရက်​နေ့ ရက်​စွဲနဲ့ ဝမ်းနည်းကြာင်း ကရုဏာစာကို​ အောက်​တိုဘာ ၁၉ ရက်​​နေ့ည​နေပိုင်းက သီးခြား​ပေးပို့ခဲ့တာပါ။ မ​ကွေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်​ကြား​ရေးမှူး ဦးတင်​ဝင်း​ရွှေက “နိုင်​ငံ​တော်​ရဲ့ အတိုင်​ပင်​ခံဆီက​နေ ​လေယာဉ်​စထိမှန်​ ​သေဆုံးခဲ့တဲ့ မသွယ်​ဇင်​ငြိမ်းအတွက်​ ဝမ်းနည်း​ကြောင်း ကရုဏာစာကို ​အောက်​တိုဘာလ ၁၉ ရက်​​နေမှာ အမြန်​​ချောပို့နဲ့ပို့​ပေးတာပါ။ က​လေးမ​လေးရဲ့ မိဘ​တွေဆီ အိမ်​တိုင်​ရာ​ရောက်​ သွား​ပေးခဲ့ပါတယ်​။ တိုင်း​ဒေသကြီး အစိုရအဖွဲ့က​တော့ ဖြစ်​တဲ့​နေ့မှာပဲ အား​ပေးစကား​ပြော လူမှုကရုဏာ​ကြေး​တွေ ​ထောက်​ပံ့​ပေးခဲ့တယ်​” လို့ ​ပြောပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီး အစိုးရရုံးက ဦးစီအရာရှိ ဦးစို​ကျော်​ထွန်းက “စာတိုက်​က​နေ အမြန်​​ချောပို့နဲ့ပို့လို့ ​နောက်​ကျ​နေတာပါ။ အောက်​တိုဘာ ၁၉ ရက်​​နေ့က စာရရချင်းပဲ တာဝန်​ရှိသူ​တွေ သွား​ရောက်​ပြီး မသွယ်​ဇင်​ငြိမ်းရဲ့ မိဘ​တွေဆီ သွားပို့ပြီးပါပြီ” လို့ဆိုပါတယ်​။ F-7 တိုက်​​လေယာဉ်​ နှစ်​စီး ပျက်​ကျ​သေဆုံးခဲ့တဲ့ မ​ကွေးလေတပ်​စခန်း ဌာနချုပ်​မှ ဗိုလ်​ကြီးဖြိုး​မောင်​နဲ့ ဗိုလ်​ကြီးဟိန်းသူ​အောင်​တို့အတွက်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံက ဝမ်းနည်း​ကြောင်း ကရုဏာစာကို ​အောက်​တိုဘာ ၁၈ ရက်​​နေမှာ ​ပေးပို့ခဲ့တာပါ။ လေယာဉ်​စထိမှန်​​သေဆုံးခဲ့တဲ့ ပဉ္စမတန်း​ကျောင်းသူ​လေး မသွယ်​ဇင်​ငြိမ်း အမည်​မပါရှိတဲ့ အတွက်​ Facebook လူမှုကွန်​ရက်​စာမျက်​နှာနဲ့ ပြည်​သူလူထု ကြားထဲမှာ ​ဝေဖန်​မှု​တွေ မြင့်​တက်​ခဲ့ပါတယ်​။ မင်းဘူးစကုမြို့နယ်​မှာ ​အောက်​တိုဘာလ ၁၆ ရက်​​နေ့ နံနက်​က တိုက်​​လေယာဉ်​ နှစ်​စီးပျက်​ကျပြီး ​လေယာဉ်​မှူး ၂ ဦးနဲ့ စာ​မေးပွဲ​ဖြေဆိုရန်​ စာကျက်​​နေတဲ့ ပဉ္စမတန်း ​ကျောင်းသူ​လေး တဦး​သေဆုံးခဲ့တာပါ။ သတင်း-မင်းထီး
3 years Ago
Up