မသန်စွမ်းသူတွေ

A d v e r t i s e m e n t With Us

April 17, 2020

ကိုရိုနာကြောင့် မသန်စွမ်းသူတွေ မသေခဲ့ပါက ငတ်ပြီး သေကြမယ် - နိုက်ဂျီးရီးယား မသန်းစွမ်းတဦး

ကိုရိုနာဗိုင်းရပ်စ်ကြောင့်  လော့ဒေါင်း ကာလတိုးမြှင့်ထားတဲ့ နိုက်ဂျီးယားနိုင်ငံ လာဂို့စ်မြို့က   မသန်စွမ်းသူတွေ စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ သိရပါတယ်။ ဖုန်းကတ် ရောင်းချပြီး အသက်မွေးဝမ်းကျောင်းနေရသူ အသက် ၅၃ -နှစ်အရွယ် ဒူးမက်စ်က သူ့မှာ  သုံးစရာ ငွေကုန်နေပြီး စားစရာဆိုလို့ လက်တဆုပ်စာ ဂျုံမှုန့်ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။ မတ် ၃၀  ရက်မှာ လော့ဒေါင်းစတင်အသက်ဝင်ပြီးနောက် လာဂို့စ် ပြည်နယ်အစိုးရက  သူ့ဆီစားနပ်ရိက္ခာ ပါဆယ်လာပို့မယ်ဆိုပြီး မက်ဆေ့ချ် ပို့ထားပေမဲ့  ရိက္ခာရောက်မလာဘဲ အစိုးရ ရုံးတွေ ပိတ်သွားတာမို့ ရိက္ခာကို ဘယ်အချိန်၊ ဘယ်လိုရမယ်ဆိုတာလည်း မသိဘူးလို့ ဆိုပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် မသန်စွမ်းသူတွေ မသေခဲ့ပါက ငတ်ပြီး သေကြမယ်လို့ ဒူးမက်စ်က   ပြောခဲ့ပါတယ်။    နိုက်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့နဲ့ တခြား အာဖရိက နိုင်ငံ မြို့ကြိးတွေမှာ   ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ စီးပွားရေး ထိခိုက်မှုကနေ ဆင်းရဲသားတွေကို အကာအကွယ်ပေးနိုင်တာ  နည်းပါးတာကြောင့် ဆာလောင်မှုတွေနဲ့အတူ ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။ အာဖရိကတိုက် ပြည်သူ ၁ ဒသမ ၂  ဘီလီယံရဲ့ ၂၀ ရာခိုင်နှုန်းထက်မနည်း    အာဟာရ မပြည့်ဝမှုကို ကြုံတွေ့နေရပြိး ကမ္ဘာမှာ အမြင့်ဆုံး ရာခိုင်နှုန်း ဖြစ်တယ်လို့  ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးက ပြောနေပါတယ်။ 
11 months Ago
Up