မသန်စွမ်းမဲဆန္ဒရှင် ၂၃၀၀

October 30, 2020

မိတ္ထီလာခရိုင်တွင် မသန်စွမ်းမဲဆန္ဒရှင် ၂၃၀၀ ခန့်ရှိ

မန္တလေးတိုင်း မိတ္ထီလာခရိုင်အတွင်း မြို့နယ် ၄ ခုမှာ မသန်စွမ်းမဲဆန္ဒရှင် ၂၃၀၀ နီးပါးရှိနေတယ်လို့ မိတ္ထီလာခရိုင်ကော်မရှင်က ပြောပါတယ်။ မိတ္ထီလာခရိုင်ကော်မရှင်လက်ထောက်ညွှန်မှူး ဦမျိုးမင်းထိုက်က "တခရိုင်လုံးမှာ မသန်သွမ်းမဲဆန္ဒရှင် ၂၃၀၀ နီးပါးရှိနေတယ်။ မသန်စွမ်းမဲဆန္ဒရှင်တွေ မဲလာပေးရင် ဦးစားပေး လုပ်ဆောင်ပေးရမယ်ဆိုတာ မဲရုံးမှူးတွေကို သေသေချာချာ မှာထားပါတယ်" လို့ ပြောပါတယ်။ မိတ္ထီလာမြို့နယ်မှာတော့ မဲပေးနိုင်သူဦးရေ ၂ သိန်းခွဲကျော်ရှိပြီး မသန်စွမ်းမဲဆန္ဒရှင် ၁၅၀၀ လောက်ရှိနေပါတယ်။ တပ်မဲရုံ ၁၃ ရုံ၊ တပ်နဲ့အရပ်တွဲလျက် မဲရုံ ၅ ရုံနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မဲရုံ ၁ ရုံ ရှိပါတယ်။ ဝမ်းတွင်းမှာတော့ မဲပေးနိုင်သူဦးရေ ၂ သိန်းနီးပါးရှိနေပြီး မသန်စွမ်းမဲဆန္ဒရှင် ၂၀၀ ကျော်ရှိပြီး တပ်နဲ့အရပ်တွဲလျက် မဲရုံ ၁ ရုံရှိနေပါတယ်။ မလှိုင်မှာတော့ မဲပေးနိုင်သူဦးရေ ၁ သိန်း ၂ သောင်းနီးပါး ရှိနေပြီး မသန်စွမ်းမဲဆန္ဒရှင် ၃၅၀ နီးပါး ရှိပြီး တပ်မဲရုံ နဲ့ တပ်နဲ့အရပ်တွဲလျက် မဲရုံ မရှိဘူးလို့ သိရပါတယ်။ သာစည်မှာတော့ မဲပေးနိုင်သူဦးရေ ၁ သိန်းခွဲကျော် ရှိနေပြီး မသန်စွမ်းမဲဆန္ဒရှင် ၂၀၀ ကျော် ရှိပြီး တပ်မဲရုံ ၁ ရုံ နဲ့ တပ်နဲ့အရပ်တွဲလျက် မဲရုံ ၂ ရုံ ရှိနေပါတယ်။  မိတ္ထီလာခရိုင်တခုလုံမှာ ဆန္ဒမဲပေးနိုင်သူ ၇ သိန်း ၂ သောင်းလောက် ရှိတယ်လို့ သိရပါတယ်။ မောင်မောင်လင်း
2 years Ago
Up