အမေရိကန်ပြည်ထောင်စု မြို့တော် ၀ါရှင်တန်အခြေစိုက် International Foundation for Electoral Systems အဖွဲ့ကပေးအပ်တဲ့ Charles T.Manatt Democracy Award ဆုကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရဲ့ စီအီးအို ဦးနေလင်းစိုးက စက်တင်ဘာ ၁၃ ရက်နေ့မှာ လက်ခံ ရယူခဲ့ပါတယ်။
မသန်စွမ်းအခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုတွေ၊ နိုင်ငံရေးနှင့် ရွေးကောက်ပွဲနယ်ပယ်တွင် လှုပ်ရှားဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုပြီး သူ့ကို ပေးအပ်တာ ဖြစ်ပါတယ်။
အဆိုပါ ဆုအမျိုးအစားမှာ ကမ္ဘာ့အဆင့် ဆုအမျိုးအစားဖြစ်ပြီး ကမ္ဘာအရပ်ရပ် အသီးသီးမှ တနှစ်လျှင် လူပုဂ္ဂိုလ် ၃ ဦးသာ ရွေးချယ်ပေးအပ်သော ဆုဖြစ်ကြောင်း သိရှိရပါတယ်။
အရင်နှစ်တွေက ဆုရရှိခဲ့သူတွေကတော့ တောင်အာဖရိက၊ ဗင်နီဇွဲလား၊ ကင်ညာ၊ လက်ဘနွန်၊ ချီလီ၊ ယူကရိန်း၊ မက္ကဆီကိုနိုင်ငံတို့မှ ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံးဆုလည်း ဖြစ်သလို မသန်စွမ်းတဦးကို ပထမဆုံး ပေးအပ်ချီးမြှင့်တဲ့ဆုလည်း ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - MILI
4 years Ago