မသန်စွမ်းတဦးကို သတ်မှုဖြင့် သံသယရှိခံရသူ၏ ရည်းစားကို စွဲဆို

May 7, 2016

မသန်စွမ်းတဦးကို သတ်မှုဖြင့် သံသယရှိခံရသူ၏ ၁၈ နှစ်အရွယ်ချစ်သူအား စွဲဆို

မသန်စွမ်းတဦးအား သတ်မှုနဲ့ စွပ်စွဲထားတဲ့ သံသယရှိသူ ၆ ဦးထဲက တဦးရဲ့ ရည်းစားကို ပူးပေါင်းကြံစည်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က စွဲဆိုလိုက်ပါတယ်။ မေ ၈ ရက်မှာတော့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ဖမ်းဆီးဖို့အတွက် တရားရုံးမှာ အတည်ပြုချက် ရယူမှာ ဖြစ်ပါတယ်။ မေ ၁ ရက်က ဘန်ကောက် မသန်စွမ်း အလုပ်သမားတဦးကို အုပ်စုဖွဲ့ ထိုးနှက်တိုက်ခိုက်ကာ ဓားနဲ့ ထိုးသတ်ခဲ့ကြသူ ၆ ဦးထဲမှ ၄ ဦးဟာ ရဲအရာရှိတွေရဲ့သားတွေ ဖြစ်ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ အသက် ၃၆ နှစ် လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ ကိတ်မုန့်ဆိုင်အလုပ်သမား ဆွန်ကီရက် ဆီရိချန်ဟာ ဒီအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် တိုက်ခိုက်မှုအတွက် သံသယရှိသူတွေကို ဖမ်းဆီးပြီးတဲ့နောက် ပတ်သက်တဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ စစ်ဆေးစဉ်မှာတော့ အမျိုးသမီးက ဒီမှုခင်းဖြစ်ပွားတဲ့အချိန် အနီးမှာ ရှိနေပြီး တိုက်ခိုက်မှုကို မြင်တဲ့ မျက်မြင်သက်သေ ရှေ့နေဖြစ်သူ အန်နာတာချိုင်ချိုင်ဒက်ကို သတ်ဖို့ ခြိမ်းခြောက်တယ်ဆိုတာကို ငြင်းဆန်ပါတယ်။ မျက်မြင်သက်သေတွေကို စစ်ဆေးချက်အရ စွပ်စွဲခံထားရတဲ့ အမျိုးသမီးက ရန်ပွဲ ဖြစ်ပွားနေစဉ် ရှေ့နေကို ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ရည်းစားအဖမ်းခံရရင် သတ်ပစ်မယ်လို့ ပြောဆိုခဲ့တယ်လို့လည်း အမျိုးသမီးက စစ်ဆေးစဉ် ၀န်ခံတယ်လို့ ဆိုပါတယ်။
6 years Ago
Up