မသတ်မှတ်

October 31, 2020

ပယ်မဲအဖြစ် မသတ်မှတ်သည့် ကြိုတင်မဲများ UEC ထုတ်ပြန်

ကြိုတင်မဲတွေ ကောက်ယူတဲ့နေရာမှာ ဆန္ဒပြုပြီးသား မဲလက်မှတ်ထည့်တဲ့ စာအိတ်‌တွေ လုံခြုံအောင်မပိတ်တာ၊ ကော်သုတ်ပြီး ပိတ်ရာမှာ မဲလက်မှတ်ကို အစွန်းအထင်း ဖြစ်စေနိုင်တာ၊ တာဝန်ရှိသူတွေ စာအိတ်ဖွင့်တဲ့အခါ မဲလက်မှတ်စုတ်ပြဲမှုတွေ ရှိလာနိုင်တာတွေကို ပယ်မဲအဖြစ် မသတ်မှတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။  ဒါ့အပြင် အမှန်ခြစ်တံဆိပ်တုံးနဲ့ မဲပေးရမယ့်အစား ဘောလ်ပင်နဲ့ အမှန်ခြစ် ခြစ်ထားတာ၊ လွှတ်တော်အလိုက်ထည့်သွင်းရမယ့် စာအိတ်လွဲနေပေမယ့် မှန်ကန်စွာ ဆန္ဒပြုထားတဲ့ မဲလက်မှတ်‌တွေကိုလည်း ပယ်မဲအဖြစ် မသတ်မှတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကြိုတင်မဲလက်မှတ်မှာ မဲရုံမှူးလက်မှတ်ဖြစ်စေ၊ ကော်မရှင်အဖွဲ့ခွဲ တံဆိပ်တုန်းဖြစ်စေ၊ တာဝန်ခံထုတ်ပေးသူရဲ့ လက်မှတ်နဲ့ အမည် ပါရှိရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။  မဲရုံအလိုက် ချိပ်ပိတ်ထားတဲ့ ကြိုတင်ဆန္ဒမဲပုံးတွေကို ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲ‌ လေ့လာသူတွေ သတ်မှတ်နေရာက စောင့်ကြည့်နိုင်ပြီး ကောက်ယူပြီးတဲ့ ကြိုတင်မဲတွေကို ချိပ်ပိတ်ထားတဲ့ ကြိုတင်ဆန္ဒမဲပုံးထဲ ပြောင်းထည့်ဖို့ ကော်မရှင်က ညွှန်ကြားထားပါတယ်။  ၂၀၂၀ ရွေးကောက်ပွဲအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး ကြိုတင်ဆန္ဒမဲပေးနေကြရာမှာ တိုင်းနဲ့ပြည်နယ်အချို့က  ရပ်/ကျေး မဲရုံတချို့မှာ  ကြိုတင်မဲကို  တံဆိပ်တုံးနဲ့ပေးရမယ့်အစား ဘောလ်ပင်နဲ့ အမှန်ခြစ်ပေးတာတွေ ရှိနေတယ်လို့  သိရပါတယ်။
2 years Ago
Up