မလှိုင်မြို့နယ်

September 29, 2020

မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၈ ဦး ပထမဆုံးတွေ့ရှိ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ရွှေစုခင်ရွာမှာ စက်တင်ဘာ ၂၈ ရက်ညက ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်မှာ အလုပ်လုပ် ပြန်လာသူ ၅၄ ဦးကို   ဓာတ်ခွဲနမူနာယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၈ ဦး ပထမဦးဆုံးအကြိမ် တွေ့ရှိတယ်လို့ မလှိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။     မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနေမင်းမျိုးထွန်းက “ရန်ကုန်က ပြန်လာကြပြီး ရွာက မူလတန်းကျောင်းမှာ Quarantine ဝင်နေသူတွေပါ။ အမျိုသား ၃ဦးနဲ့ အမျိုးသမီး ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့တာပါ။ တိုင်းရုံးက အကြောင်းကြားတာပါ။ မလှိုင်ဆေးရုံ သီးသန့်ဆောင်မှာထားပြီး ဆေးကုသပေးမှာပါ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ညက ဆေးရုံအုပ်ဆရာဝန်ကြီးကိုယ်တိုင် ပိုးတွေ့လူနာတွေကို ရွှေစုခင်ရွာက ခေါ်လာပြီး  အေးမေတ္တာကုသဆောင်မှာ သီးသန့်ထား   ဆေးကုပေးနေတယ်လို့  စေတနာ့ဝန်ထမ်းကိုဘိုဘိုက ပြောပါတယ်။ ပိုးတွေ့လူနာတွေဟာ စက်တင်ဘာ ၂၅ ရက်က ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ကနေ ကား ၃ စီးငှားပြီး ပြန်လာကြတာပါ။ စာလေးခွေ လုပ်ငန်းမှာ အလုပ်လုပ်ပြီး ပြန်လာသူ ၅၄ ဦးဟာ ရွှေစုခင်ရွာကို ရောက်ရောက်ချင်း ရွာက မူလတန်ကျောင်းမှာ Facility Quarantine ဝင်နေခဲ့ပါတယ်။ အဆိုပါ ကွာရန်တင်းဝင်နေသူတွေရဲ့ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တွေကို မန္တလေး ပြည်သူ့ကျန်းမာရေးနှင့် ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးရာ စက်တင်ဘာ ၂၈ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာ ဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း
9 months Ago

June 20, 2020

မလှိုင်မြို့နယ်တွင် ယာစောင့်တဲ မီးလောင်၊ လေဖြတ်ထားသူ ၁ ဦး သေဆုံး

မလှိုင်မြို့နယ်၊ ဘောက်ခွေးတောကျေးရွာအုပ်စု ဘောက်ခွေးတောရွာမှာ ဇွန် ၁၉ ရက်က ယာစောင့်တဲမီးလောင်ပြီး လေဖြတ်ထားသူတဦး မီးလောင်သေဆုံးသွားတယ်လို့ မလှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မလှိုင်မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇေယျာအောင်က “လေဖြတ်ထားလို့ တုတ်ထောက်ပြီး သွားနေရတယ်။ ယာစောင့်တဲမှာ တစ်ယောက်တည်း လာနေတယ်။ ထမင်းဟင်း ချက်ပြုတ်စားရာက မီးလောင်တာပါ။ မီးလွတ်အောင် မသွားနိုင်တော့ လူပါ မီးလောင်သွားတာ” လို့ ပြောပါတယ်။ ယာစောင့်တဲ မီးလောင်ရာမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၄ သောင်းခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မလှိုင်မြို့နယ် နှောကန်ရွာရဲစခန်းမှာ ဦးဌေးလှိုင်ကို မီးပေါ့ဆစွာသုံးစွဲလို့ မီးလောင်မှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ လူသေဆုံးမှူ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က တို့နဲ့ အမှုဖွင့်ထားပါတယ်။
12 months Ago
More News
Up