မလှိုင်မြို့

October 11, 2021

မလှိုင်မြို့တွင် ရပ်ကျေးအုပ်ချုပ်မှူးတစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အောက်တိုဘာ ၁၁ ရက်မနက်က မြို့နယ်ထွေအုပ်ရုံးရှေ့မှာ ပန်းအိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ စစ်မှုထမ်းဟောင်း တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “သေနတ်သံအချက်တွေ အများကြီး ကြားရတယ်။ ကံဦးရွာမှာ နေတဲ့ ပန်းအိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ဦးကျော်ငြိမ်းကတော့ နေရာတင် သေဆုံးတယ်။ စစ်မှုထမ်းဟောင်း ဦးကံမြင့်ကတော့ လက်မောင်းထိသွားတယ်” လို့ ပြောပါတယ်။

အမည်မသိလူတစုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး မိတ္ထီလာခရိုင်ထဲက ၄ မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ အပစ်ခံရတာ ပထမဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

အခင်းဖြစ်ပြီးတဲ့နောက် စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။

2 months Ago

June 21, 2021

မလှိုင်မြို့တွင် အသက် ၈၇ နှစ်အရွယ် အဘွားအိုအပါအဝင် ၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ အမှတ် (၁) ရပ်ကွက်မှာနေတဲ့ အသက် ၈၇ နှစ်အရွယ် အဘွားတစ်ဦးအပါအဝင် ၃ ဦးမှာ ဇွန် ၂၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ရပ်ကွက်ထဲက လင်မယား ၂ ဦး ကလောဘက်သွားပြီး ပြန်လာရာက ခင်ပွန်းဖြစ်သူ ဖျားလာတယ်။ သံသယရှိတာနဲ့ ရပ်ကွက်ဓမ္မာရုံမှာ ကွာရန်တင်းဝင်တယ်။ အဲဒါနဲ့ မလှိုင်ဆေးရုံမှာ RDT နဲ့စစ်လိုက်‌တော့ ရောဂါပိုးတွေ့တယ်တဲ့။ အဲဒီအမျိုးသားရဲ့ဇနီးနဲ့ အသက် ၈၇ နှစ်အရွယ် အမေကိုလည်း RTD နဲ့ စစ်တော့ ထပ်တွေ့တယ်။ ထိစပ်သူ ၆ ဦးကိုတော့ ကွာရန်တင်း ဝင်ခိုင်းထားတယ်”လို့ အဲဒီမြို့ခံက ပြောပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ မန္တလေးက ပြန်လာတဲ့ ဝမ်းတွင်းမြို့နယ်၊ လေးမျက်နှာရွာနေ အသက် ၆၀ ကျော် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ဇွန် ၁၈ ရက်နေ့ကလည်း မန္တလေးပြန် သုံးဒေါင့်အိုင်ရွာနေသူ အမျိုးသား ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့လို့ မိတ္ထီလာခရိုင်ထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၆ ဦးရှိနေပြီ ဖြစ်ပါတယ်။

5 months Ago
More News
Up