ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က မလွှကုန်းမီးရထားစက်ခေါင်းစက်ရုံ ဝင်းထဲကို လက်နက်ကိုင် ရဲနဲ့စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဒီကနေ့မနက် ၆ နာရီလောက်ကတည်းက ဝင်ရောက် စီးနင်းပိတ်ဆို့ထားပါတယ်။
မလွှကုန်းမီးရထားဝင်းမှာ နေထိုင်တဲ့ မိသားစုတွေဟာ ဘေးလွတ်ရာသို့ မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်နေရပြီး မီးရထားဝင်းကို ဝင်ရောက်ဖြိုခွင်းမှာကို စိုးရိမ်နေကြတယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။
ရဲနဲ့စစ်တပ်တွေက ဒီကနေညနေအထိတပ်စွဲထားဆဲဖြစ်သလို အချိန်သီတင်းတပတ်လောက် ကြာတပ်စွဲနိုင်တယ်လို့လည်း အတည်မပြုနိုင်သေးတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။
မီးရထားဝန်ထမ်းတွေဟာ ဖေဖော်ဝါရီ ၈ ရက်ကစပြီး CDM မှာ ပါဝင်ခြင်းကြောင့် ခြိမ်းခြောက်ခံရတာအပြင် လိုက်လံ ဖမ်းဆီးခံရတာတွေလည်းရှိနေပါတယ်။
Photo - Kaung Sat ၊ Ko Ye / MPA
ရန်ကုန် မလွှကုန်း မီးရထားစက်ခေါင်းစက်ရုံဝင်းထဲကို ဒီကနေ့ မတ်လ ၁၀ ရက် မနက် ၆ နာရီခွဲလောက်ကစပြီး စစ်တပ်နဲ့ ရဲက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး CDM ဝန်ထမ်းတွေကို ဖမ်းဆီးနေပါတယ်။
ဖမ်းဆီးမှုတွေကြောင့် ဝန်ထမ်းမိသားစုတွေလည်း ထွက်ပြေးနေကြရပြီး လတ်တလော ဝန်ထမ်း အရေအတွက်ဘယ်လောက် ဖမ်းဆီးခံရတယ်ဆိုတာ မသိရသေးပါဘူး။
နိုင်ငံတဝန်းမှာ မီးရထားဝန်ထမ်းတွေက အာဏာသိမ်းစစ်အုပ်စုကို အာခံတဲ့ CDM လှုပ်ရှားမှုမှာ ရာနှုန်းပြည့်နီးပါး ပါဝင်နေတာကြောင့် တစ်နိုင်ငံလုံးပြေးဆွဲနေတဲ့ မီးရထားခရီးစဉ်တွေလည်း ရပ်ဆိုင်းနေတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို အာခံဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ရန်ကုန် မလွှကုန်း ဒီဇယ်မီးရထားစက်ခေါင်းပြင် စက်ရုံက သပိတ်မှောက်ဝန်ထမ်းတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်မနက်မှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးစဉ် ပြည်သူလူထုတွေက စုရုံးရောက်ရှိလာပြီး ဝိုင်းဝန်း တားဆီးကန့်ကွက်ခဲ့ကြလို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွ ပြန်လည်ထွက်ခွာသွား ကြပါတယ်။
Photo-PeterAung