မလေးရှား တရားရုံး

A d v e r t i s e m e n t With Us

January 4, 2021

အိုင်းရစ်ရှ်ဆယ်ကျော်သက်မိန်းကလေး သေဆုံးမှု အမှုပြန်မဖွင့်ပေးဟု မလေးရှားတရားရုံး ပြော

မိသားစု အားလပ်ရက်အတွင်း ပျောက်ဆုံးအပြီး တောနက်ထဲမှာ အလောင်းတွေ့ခဲ့တဲ့ အိုင်းရစ်ရှ်လူမျိုး ဆယ်ကျော်သက် မိန်းကလေးရဲ့ သေဆုံးမှုအတွက် အမှုပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ မလေးရှား တရားရုံးက ဇန်နဝါရီ ၄ ရက်မှာ ကြေညာလိုက်ပါတယ်။ အသက် ၁၅ နှစ်အရွယ် နိုရာအန်နီကွိုင်းရွင်ရဲ့ အဝတ်ဗလာနဲ့ အလောင်းကို ၂၀၁၉ သြဂုတ်လက တောနက်ထဲမှာ ပြန်ရှာတွေ့ခဲ့တာပါ။ သူဟာ မတော်တဆ ထိခိုက်သေဆုံးတာ ဖြစ်ပုံရတယ်လို့ မလေးရှားတရားရုံးက ပြောပါတယ်။ မလေးရှား မြို့တော် ကွာလာလမ်ပူရဲ့ တောင်ဘက် ၄၄ မိုင်အကွာ ဆေရမ်ဘန်မှာ မိသားစုနဲ့အတူ ဒူဆန်အပန်းဖြေစခန်းမှာ နေချိန် ပျောက်ဆုံးအပြီး သူ့အလောင်းကို လျှိုမြောင်ထဲမှာ ပြန်တွေ့ခဲ့တာပါ။ ဆေရမ်ဘန်မြို့ သေမှုသေခင်း စုံစမ်းရေးအရာရှိက အမှုကို ပိတ်ပစ်ခဲ့ပြီး ဒီလူသေမှုမှာ ပြစ်မှု ကျူးလွန်ထားကြောင်း ပြစရာ သက်သေ မလုံလောက်ဘူးလို့လည်း ပြောပါတယ်။ “သင်ယူနိုင်စွမ်း ချို့တဲ့နေတဲ့ ဝေဒနာရှင် ကွိုင်းရင် သေဆုံးမှုမှာ ပါဝင်ပတ်သက်နေသူ မရှိဘူး။ သူဟာ တောနက်ထဲမှာ ရိုးရိုးလမ်းပျောက်တာ ဖြစ်ဖို့ ပိုများတယ်” လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ မိန်းကလေးရဲ့ မိဘတွေကတော့ တရားရုံးလုပ်ငန်းစဉ်ကို အလေးအနက်ထားခဲ့ကြပြီး ဆုံးဖြတ်ချက် ဖတ်ကြားတာကို ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ချက်ကနေ နားထောင်ခဲ့ကြပါတယ်။ မျက်မြင်သက်သေ လူ ၅၀ ကျော်ထဲက တယောက်ဖြစ်တဲ့ မိခင်ကတော့ သူ့သမီးဟာ အတင်းအဓမ္မ ခေါ်သွားခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားပြီး အာဏာပိုင်တွေက မိခင်ရဲ့ စိုးရိမ်မှုကို အလေးအနက်မထားခဲ့ကြဘူးလို့ စွပ်စွဲခဲ့ပါတယ်။
2 months Ago
Up