မလေးရှားလေကြောင်းလိုင်း

A d v e r t i s e m e n t With Us

March 9, 2020

ပစ်ချခံခဲ့ရသည့် MH-17 လေယာဉ်အမှု တရားခွင်တွင် စတင်စစ်ဆေး 

မလေးရှားလေကြောင်းလိုင်းပိုင် MH-17 လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာသူ ၂၉၈ ဦးကို သတ်ဖြတ်မှုနဲ့ လူ ၄ ဦးကို တရားစွဲထားတဲ့ တရားခွင်ကို နယ်သာလန်နိုင်ငံမှာ မတ် ၉ ရက်နေ့မှာ စတင်စစ်ဆေးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှား ထောက်ခံတဲ့ သူပုန်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေမှာ ပစ်ချခံခဲ့ရတဲ့ MH-17 လေယာဉ်အမှုအတွက် သံသယရှိသူ ရုရှားနိုင်ငံသား ၃ ဦးနဲ့ ယူကရိန်းအရှေ့ပိုင်းက ၁ ဦးကို တရားစွဲဆိုထားပြီး သူတို့ကတော့ တရားခွင်ကို ရောက်လာဖို့ မရှိပါဘူး။ လေယာဉ်ကို ရုရှားဘက်က အခြေစိုက်စခန်းတခုကနေ ဒုံးကျည်နဲ့ ပစ်ချခဲ့တဲ့ သက်သေတွေရထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ထုတ်ဖော်ထားပါတယ်။  ရုရှားဘက်ကတော့ ဒီကိစ္စမှာ ဘယ်လိုမှ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဆက်တိုက် ငြင်းဆိုထားတာပါ။ အမှုအတွက် ရုရှားဘက်ကရော ယူကရိန်းဘက်ကပါ တရားခံတွေကို ဖမ်းဆီး လွှဲပြောင်းပေးတာမျိုး မရှိပေမယ့် ရုရှားနိုင်ငံသားတဦးကတော့ စွပ်စွဲခံဘက်က ခုခံချေပမယ့် အဖွဲ့မှာ ပါဝင်ပြီး တရားခွင်ကို တက်မယ်လို့ ဆိုပါတယ်။ မတ် ၈ ရက်နေ့ကလည်း MH-17 ပစ်ချခံရမှုမှာ သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူ ဆွေမျိုးသားချင်းတွေဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့က ရုရှားသံရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြကြပါသေးတယ်။
12 months Ago
Up