မလေးရှားပြန်

A d v e r t i s e m e n t With Us

July 30, 2020

ထိုင်းနှင့် မလေးရှားပြန် ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်တွေ့ 

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကပြန်လာတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ်၂ ဦးထပ်တွေ့ရပြီး မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ လူနာစုစုပေါင်း  ၃၅၃ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါလူနာသစ် နှစ်ဦးကတော့ ထိုင်းနိုင်ငံကပြန်လာတဲ့  ရန်ကုန်တိုင်း ဒလမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနဲ့ မလေးရှားနိုင်ငံကပြန်လာတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ  တွံတေးမြို့နယ်နဲ့ ၊ ကော့သောင်းမြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြပ်ခံထားရသူတွေဖြစ်ပြီး ဝေဘာဂီနဲ့ ကော့သောင်းခရိုင်ဆေးရုံတွေမှာ တက်ရောက် ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ ဇူလိုင် ၂၉ ရက်က အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၉၃၇ ခု။ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၁၂၀ ခု၊ စုစုပေါင်း ၁,၀၅၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာမှ လူနာသစ် ၂ ဦးထပ်တွေ့ရတာပါ။ မြန်မာနိုင်ငံမှာ ဇူလိုင် ၃၀ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာပါင်း ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၄ ဦးနဲ့ ဒီအထဲက ၂၇၉ ဦးပို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
6 months Ago

July 29, 2020

မလေးရှားပြန် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦးထပ်တွေ့

မလေးရှားနိုင်ငံက ပြန်လာတဲ့ ကိုဗစ်-၁၉ လူနာသစ် ၁ ဦးထပ်တွေ့ရပြီး မြန်မာနိုင်ငံ တဝန်းမှာ အတည်ပြုလူနာပေါင်း ၃၅၁ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။ မလေးရှားပြန် အဆိုပါလူနာသစ်ဟာ  ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နေ  အသက် ၃၁ နှစ်အရွယ်  အမျိုးသားတစ်ဦးဖြစ်ပါတယ်။  ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြပ်ခံထားရ သူဖြစ်ပြီး မော်လမြိုင်ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူရဖို့ရှိပါတယ်။  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၂၆၆)ခု အား စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် တစ်ဦး ထပ်မံတွေ့ရှိရတာပါ။ ဇူလိုင် ၂၈ ရက်ညက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၁၇)ခု၊  ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၆၇) ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၈၂) ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၂) ခု၊ စုစုပေါင်း (၉၁၈)ခုကို မနေ့ညက စစ်ဆေးပြီးစီးခဲ့ရာမှာတော့ လူနာသစ် မတွေ့ရှိပါဘူး။  မြန်မာနိုင်ငံမှာ ဇူလိုင် ၂၉ ရက်မနက် ၈ နာရီအထိ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၃၅၁ ဦး၊ သေဆုံးသူ ၆ ဦ၊ ရောဂါပိုးကင်းစင်လာသူ  ၂၉၃ ဦးရှိပြီး ဒီအထဲက  ၂၇၈ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ပါတယ်။
6 months Ago
More News
Up