မလေးရှားနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ အများစုကို လာမယ့် မေလ ၄ ရက်နေ့မှာ ပြန်လည်စတင်လည်ပတ်ခွင့်ပြုမယ်လို့ ဝန်ကြီးချုပ် မူယစ်ဒင်ယာဆင်က ဒီကနေ့ ပြောလိုက်ပါတယ်။
လတ်တလော ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါအသွင်ဆောင် COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာမှုအခြေအနေကြောင့် လုပ်ငန်းတွေအများစုကို ကန့်သတ်ထိန်းချုပ်မှု တွေလုပ်ဆောင်ထားခဲ့ရတာဖြစ်ပြီး ခုလိုပြန်လည်လည်ပတ်ချိန်မှာတော့ လူအစုလိုက်အပြုံလိုက် စုဝေးတာမျိုးတွေကိုတော့ ခွင့်ပြုဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မလေးရှားနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် မရှိမဖြစ်အခြေအနေမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေအပါအဝင် အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကို ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကတည်းက ပိတ်ထားခဲ့ရတာပါ။
လတ်တလောအချိန်ထိ မလေးရှားနိုင်ငံဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀၂ ယောက်ထိ ရှိခဲ့ပြီး ခုရက်ပိုင်းမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းဟာ နှေးလာနေခဲ့ပြီလို့ သိရပါတယ်။
10 months Ago