မလေးမစားလုပ်

A d v e r t i s e m e n t With Us

June 5, 2020

တရုတ်နိုင်ငံတော်သီချင်းကို မလေးမစားလုပ်သူများအား အရေးယူမည့်ဥပဒေကြမ်း အတည်ပြု

တရုတ်နိုင်ငံတော်  သီချင်းအပေါ် မလေးမစားလုပ်သူတွေကို အရေးယူမယ့် ဥပဒေကြမ်းကို   ဟောင်ကောင် ဥပဒေပြုကောင်စီက ဇွန်လ ၄  ရက်မှာ အတည်ပြုလိုက်ပါတယ်။     ဟောင်ကောင်လုံခြုံရေးဥပဒေသစ်ကို အတည်ပြုပြီး ရက်ပိုင်းအတွင်းမှာပဲ ဆန္ဒပြပွဲတွေကြားက ဒီဥပဒေကြမ်းကို အတည်ပြုခဲ့တာပါ။   အမျိုးသားလုံခြုံရေးဥပဒေသစ်ဟာ  ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေကို ယိုယွင်းစေမယ်လို့  အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။  နိုင်ငံတော် သီချင်းဆိုင်ရာ ဥပဒေကြမ်းအရ ဟောင်ကောင် မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ တရုတ်နိုင်ငံတော်သီချင်းကို သမိုင်းကြောင်း၊ ကျင့်ဝတ်ထုံးတမ်းတို့နဲ့အတူ  သင်ကြားရမှာပါ။  ဒါ့အပြင် နိုင်ငံတော်သီချင်း မလေးမစားလုပ်သူကို ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ဟောင်ကောင်ဒေါ်လာ  ၅ သောင်းအထိ ချမှတ်နိုင်တယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။ 
9 months Ago
Up