မလိုချင်သည့် နည်းပြမရှိ

August 24, 2020

မက်ဆီကို မလိုချင်သည့် နည်းပြမရှိဟု ပီအက်စ်ဂျီနည်းပြ ပြော

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို မလိုချင်တဲ့ နည်းပြ မရှိကြောင်း ပီအက်စ်ဂျီနည်းပြ တူချယ်က ပြောလိုက်ပါတယ်။  ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ အပြောင်းအရွှေ့သတင်းတွေ လှုပ်ခပ်နေတဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ နည်းပြတူချယ်က အရွှန်းဖောက်ပြီး ပြောကြားခဲ့တာပါ။  မက်ဆီကို မလိုချင်တဲ့ နည်းပြ ရှိမှာမဟုတ်ပေမယ့် ဒီအချိန်မှာ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောရမယ့် အချိန်မဟုတ်ကြောင်း၊ ရက်အနည်းငယ်အတွင်းမှာ အတူတကွ အစည်းအဝေးထိုင်ပြီး တိုးတက်ဖို့ လိုအပ်နေတဲ့ နေရာတွေ အများကြီးရှိနေတာကို ဆွေးနွေးသွားမယ်လို့ တူချယ်က ပြောပါတယ်။  ဆက်လက်ပြီး လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးလိမ့်မယ်လို့ ထင်ကြောင်းလည်း ပီအက်စ်ဂျီနည်းပြတူချယ်က သုံးသပ်ခဲ့ပါတယ်။  မက်ဆီဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့ပြီး အခုနှစ်ရာသီက ရလဒ်ဆိုးတွေကြောင့် အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းထွက်ပေါ်နေတာပါ။ 
1 year Ago
Up